Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 1:21 - Common Language Bible

21 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို သို့ လျှင် ဘု ရား သ ခင် သည် ငါး ကြီး အာ န န္ဒာ မှ စ၍ ရေ မှ အ မျိုး အ လိုက် ဖြစ် ပွား များ ပြား လျက်၊ လှုပ် ရှား တတ် သော သက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ ကို လည်း ကောင်း၊ ပျံ ဝဲ တတ် သော အ မျိုး အ လိုက် လေ သ တ္တ ဝါ အ ပေါင်း တို့ ကို လည်း ကောင်း ဖန် ဆင်း၍ ထို အ မှု အ ရာ ကောင်း သည် ကို ရှု မြင် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 1:21
23 ပူးပေါင်းရင်းမြစ်များ  

နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။-


တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။-


``ရေ​သတ္တ​ဝါ​တို့​သည်​ပင်​လယ်​ထဲ​၌​မြောက်​မြား စွာ​ပေါက်​ပွား​ကြ​စေ၊ ငှက်​တို့​သည်​လည်း​တိုး​ပွား ကြ​စေ'' ဟု​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​၍​ထို သတ္တဝါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​၏။-


ဘု​ရား​သ​ခင်​သည်​တိရစ္ဆာန်​အ​မျိုး​မျိုး​တို့​ကို ထို​ကဲ့​သို့​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင် သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။


ထို​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​ကို​ယူ​၍ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​ပြီး​လျှင် အ​သီး​သီး​တို့​အား​နာ​မည် မှည့်​ခေါ်​ရန် လူ​၏​ထံ​သို့​ယူ​ဆောင်​တော်​မူ​ခဲ့​၏။ လူ​က​မှည့်​ခေါ်​သည့်​အ​တိုင်း​နာ​မည်​တွင်​ကြ​၏။-


တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-


ငှက်​နှင့်​တိရစ္ဆာန်​အ​ပေါင်း​တို့​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​မှာ​မျိုး​ပွား​စေ​ရန် ယင်း​တို့​ကို​သင်​နှင့်​အ​တူ ထုတ်​ဆောင်​လော့'' ဟု​မိန့်​တော်​မူ​၏။-


တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​သည်​လည်း ယင်း​တို့ အ​မျိုး​အ​လိုက်​သင်္ဘော​ထဲ​မှ​ထွက်​လာ​ကြ​လေ ၏။


တိ​ရစ္ဆာန်၊ ငှက်၊ ငါး​အ​ပေါင်း​တို့​သည်​သင်​တို့​ကို​ကြောက်​ရွံ့​ရ​ကြ​လိမ့်​မည်။ ထို​သတ္တ​ဝါ​တို့​ကို​သင်​တို့​လက်​၌​ငါ​အပ်​ပေး​၏။-


``သင်​တို့​၏​သား​စဉ်​မြေး​ဆက်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် နေ​ရာ​အ​နှံ့​အ​ပြား​နေ​ထိုင်​နိုင်​စေ​ရန်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။


အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။


ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။


မြွေ​န​ဂါး​များ​နှင့်​ရေ​နက်​ရာ​အ​ရပ်​အ​ပေါင်း​တို့၊ လျှပ်​စစ်​လျှပ်​နွယ်​နှင့်​မိုး​သီး​တို့၊ မိုး​ပွင့်​နှင့်​မိုး​တိမ်​တို့၊ကိုယ်​တော်​၏​အ​မိန့်​တော်​ကို နာ​ခံ​သည့်​လေ​ပြင်း​မုန်​တိုင်း​တို့၊ ကမ္ဘာ​မြေ​ကြီး​မှ​နေ​၍​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။


သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သား​သ​မီး​မြောက်​မြား​စွာ​မွေး​ဖွား​၍ အ​လွန်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊ တစ်​တိုင်း​တစ်​ပြည်​လုံး​တွင်​အ​နှံ့​အ​ပြား​နေ​ထိုင်​ကြ​လေ​သည်။


မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-


ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-


ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။


ယော​န​သည်​ငါး​ကြီး​၏​ဝမ်း​ထဲ​တွင်​သုံး​ရက်​တိုင် တိုင်​နေ​ရ​သ​ကဲ့​သို့ လူ​သား​သည်​လည်း​မြေ​ကြီး ထဲ​တွင်​သုံး​ရက်​နေ​ရ​လတ္တံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ