Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 7:37 - Common Language Bible

37 ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37-38 ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ ဆက် ကပ် လှူ ဒါန်း ကြ ရ မည် ဟု သိ နာ တော တွင် မိန့် မှာ တော် မူ သော နေ့၌ သိ နာ တောင် ပေါ် မှာ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၊ ခန့် ထား ခြင်း ဆိုင် ရာ သ က္ကာ၊ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ၏ တ ရား ကား ထို သို့ ပင် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37-38 ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ဤသည်ကား မီးရှို့ရာယဇ်​၊ ဘောဇဉ်ပူဇော်သက္ကာ​၊ အပြစ်ဖြေရာယဇ်​၊ အပြစ်ဒဏ်ဖြေရာယဇ်​၊ အရိုက်အရာ​ခန့်အပ်​ခြင်း​ဆိုင်ရာ​ယဇ်​နှင့် မိတ်သဟာယယဇ်​တို့​နှင့်ဆိုင်သော​တရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 7:37
11 ပူးပေါင်းရင်းမြစ်များ  

``ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရန်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား ဤ​သို့​ဆက်​ကပ်​ရ​မည်။ အ​ပြစ်​အ​နာ​ကင်း​သော နွား​ပေါက်​တစ်​ကောင်​နှင့်​သိုး​ထီး​နှစ်​ကောင်​ကို ယူ​ခဲ့​လော့။-


``သိုး​၏​အ​ဆီ၊ အ​ဆီ​ရှိ​သော​အ​မြီး၊ ဝမ်း​တွင်း ဆီ၊ အ​သဲ​မှ​အ​ဆီ၊ ကျောက်​ကပ်​နှစ်​လုံး​နှင့်​ယင်း တို့​ကို​ဖုံး​သော​အ​ဆီ​နှင့်​ယာ​ဘက်​ပေါင်​တို့ ကို​ဖြတ်​ယူ​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည် စံ​တော်​မူ​ရာ​တဲ​တော် ထဲ​မှ​မော​ရှေ​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ယဇ်​ပူ​ဇော်​ရာ​တွင်​လိုက်​နာ​ရန် အောက် ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​ကို​ယဇ် ပူ​ဇော်​သည့်​အ​ခါ မိ​မိ​နွား​အုပ်​ထဲ​မှ​ဖြစ်​စေ၊ သိုး​အုပ်​သို့​မ​ဟုတ်​ဆိတ်​အုပ်​ထဲ​မှ​ဖြစ်​စေ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-


ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-


ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-


မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ