အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
ရှင်ယောဟန် 20:26 - Common Language Bible ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။- Garrad Bible ထိုနောက် ရှစ်ရက်ကြာသော် သောမနှင့်တကွတပည့်တော်တို့သည် အိမ်ထဲတွင်ရှိနေကြပြန်ရာ တံခါးပိတ်လျက်ရှိစဉ် ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မြွက်ဆိုတော်မူပြီးလျှင်၊ Judson Bible ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ မြန်မာ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် တစ်ဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည်ကြွလာ၍ အလယ်မှာရပ်တော်မူလျက်၊ သင်တို့၌ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။- |
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားကောင်းစားခွင့် ပေးတော်မူပါလိမ့်မည်။ ကျွန်တော်မျိုးတို့၏အောင်မြင်မှုမှန်သမျှ သည် ကိုယ်တော်ရှင်စီရင်တော်မူသောအမှုများ၏ အကျိုးဆက်ပင်ဖြစ်ပါ၏။
သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။
တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။-
ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-
ထိုအကြောင်းအရာများကိုတပည့်တော်နှစ်ယောက် တို့ပြောပြနေစဉ်သခင်ယေရှုသည်သူတို့၏အလယ် ၌ပေါ်လာတော်မူ၍ ``သင်တို့တွင်ငြိမ်သက်ခြင်းရှိ စေသတည်း'' ဟုမိန့်တော်မူ၏။
ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။-
(အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-
တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။-
ထိုနောက်တစ်ဖန်သခင်ယေရှုက ``သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူသင်တို့ကို ငါစေလွှတ်၏'' ဟုမိန့်တော်မူ၏။-
ထိုနောက်သခင်ယေရှုသည်တိဗေရိအိုင်အနီး တွင်တပည့်တော်တို့အားတစ်ဖန်ကိုယ်ထင်ပြ တော်မူ၏။ ပြတော်မူပုံကားဤသို့တည်း။-
သေခြင်းမှထမြောက်တော်မူပြီးနောက်တပည့် တော်တို့အား ယခုကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်ဖြစ်သတည်း။
ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။-