ရှင်ယောဟန် 20:25 - Common Language Bible25 သို့ဖြစ်၍အခြားတပည့်တော်များက ``သခင် ဘုရားကိုငါတို့တွေ့မြင်ကြရပြီ'' ဟုသောမ အားပြောဆိုကြ၏။ သောမက ``လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကိုလက်ညှိုးဖြင့်မတို့မစမ်း၊ နံဘေး တော်ကိုလက်ဖြင့်မစမ်းမသပ်ရလျှင်ငါယုံ မည်မဟုတ်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible25 ထိုကြောင့်အခြားတပည့်တော်တို့က ငါတို့သည်အရှင်ဘုရားကိုဖူးမြင်ရကြပြီဟူ၍ဆိုသော် သောမက လက်တော်များရှိသံချက်များကိုမမြင်၊ လက်ညှိုးဖြင့်မလျှို၊ နံဘေးတော်ကိုလက်နှင့်မနှိုက်ရဘဲ ငါယုံမည်မဟုတ်ဟုပြန်ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထို့ကြောင့် တပည့်တော်တို့က “ငါတို့သည် သခင့်ကို မြင်ကြရပြီ” ဟု သောမအား ပြောပြကြ၏။ သို့သော် သောမက “အရှင့်လက်တော်တို့၌ သံရိုက်ရာကို မမြင်ရ၊ ထိုသံရိုက်ရာကို လက်ညှိုးဖြင့်မတို့ရ၊ နံဘေးတော်ကို လက်ဖြင့် မစမ်းရလျှင် ငါမယုံ” ဟု ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ25 ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည်သခင်ကို မြင်ရကြပြီဟု သောမအားပြောဆိုကြလျှင်၊ သောမက၊ လက်တော်၌သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံဟုဆို၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်တစ်ကျိပ်တစ်ပါးသောတမန်တော်တို့သည် စားပွဲမှာထိုင်၍စားသောက်နေကြစဉ် ကိုယ်တော် သည်သူတို့ကိုကိုယ်ထင်ပြတော်မူ၏။ သူတို့တွင် ယုံကြည်ြခင်းမရှိသြဖင့်လည်းကောင်း၊ ကိုယ်တော် သြေခင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်အားဖူးတွေ့ရသူတို့၏စကားကို မယုံနိုင်သည်တိုင်အောင် သူတို့သည်အပြော ရခက်သြဖင့်လည်းကောင်း ကိုယ်တော်သည် သူတို့အားပြစ်တင်ဆုံးမတော်မူ၏။-