Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 17:1 - Common Language Bible

1 ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​မြင့်​သော တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို နောက် ခြောက် ရက် လွန် သော် ယေ ရှု သည် ပေ တ ရု မှ စ၍ ညီ အစ် ကို ဖြစ် သူ ယာ ကုပ်၊ ယော ဟန် တို့ ကို မြင့် စွာ တောင် ပေါ် သို့ အ သီး အ ခြား ခေါ် သွား ပြီး လျှင် သူ တို့ ရှေ့ တွင် အ ဆင်း ပြောင်း လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ခြောက်​ရက်​လွန်​သောအခါ ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ​ယောဟန်​တို့​ကို​ခေါ်​၍ သူ​တို့​ကို မြင့်မား​သော​တောင်​ပေါ်သို့ သီးသန့်​ခေါ်ဆောင်​သွား​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​တို့​ကို မြင့်မားသော​တောင် တစ်တောင်​ပေါ်သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:1
10 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊-


ထို​နောက်​ပေ​တ​ရု၊ ယာ​ကုပ်​နှင့်​ယာ​ကုပ်​၏​ညီ ယော​ဟန်​တို့​မှ​တစ်​ပါး မည်​သူ​ကို​မျှ​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ခွင့်​ပြု​တော်​မ​မူ။-


ထို​စဉ်​အ​ခါ​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် ကိုယ်​တော်​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သော တောင်​တော်​ပေါ်​တွင်​ရှိ​၍​မိုး​ကောင်း​ကင်​မှ ထွက်​ပေါ်​လာ​သော​အ​သံ​တော်​ကို​ကြား​ရ ပေ​သည်။


ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''


ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​မှူး​၏​အိမ်​သို့​ဝင် သော​အ​ခါ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​သူ​ငယ် မ​၏​မိ​ဘ​များ​မှ​တစ်​ပါး​မည်​သူ​ကို​မျှ မိ​မိ နှင့်​အ​တူ​ဝင်​စေ​တော်​မ​မူ။-


သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော်​၏​အ​ဆင်း​သဏ္ဌာန်​တော် သည်​ပြောင်း​လဲ​သွား​၏။ မျက်​နှာ​တော်​သည်​နေ​ကဲ့ သို့​တောက်​ပ​လျက်​အ​ဝတ်​တော်​များ​သည်​လည်း အ​လင်း​ကဲ့​သို့​ဖြူ​လျက်​နေ​၏။-


ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊-


ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​တန်​ခိုး​တော် နှင့်​ကြွ​လာ​တော်​မူ​ခြင်း​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ရာ​၌ ငါ​တို့​သည်​ပ​ရိ​ယာယ်​နှင့် တီ​ထွင်​သော​ဒဏ္ဍာ​ရီ​ပုံ​ပြင်​များ​ကို​ပြော​ကြား နေ​ခြင်း​မ​ဟုတ်။ ငါ​တို့​ကား​မိ​မိ​တို့​ကိုယ်​တိုင် ကိုယ်​တော်​၏​ဘုန်း​အာ​နု​ဘော်​တော်​ကို​ဖူး​မြင် ရ​ကြ​သူ​များ​ဖြစ်​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ