လုကာ 9:28 - Common Language Bible28 ဤသို့မိန့်တော်မူပြီးနောက်ရှစ်ရက်ခန့်ကြာသော အခါကိုယ်တော်သည်ပေတရု၊ ယောဟန်၊ ယာကုပ် တို့ကိုခေါ်၍ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် သို့ကြွတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 ထို သို့ မိန့် တော် မူ ပြီး နောက် ရှစ် ရက် ခန့် ကြာ သော် ကိုယ် တော် သည် ပေ တ ရု၊ ယော ဟန်၊ ယာ ကုပ် တို့ ကို ခေါ်၍၊ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤတရားစကားတို့ကို မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းရန် တောင်ပေါ်သို့တက်သွားတော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 ဤသို့ မိန့်တော်မူပြီးမှ ရှစ်ရက်ကြာသောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်လျက် ဆုတောင်းရန် တောင်ပေါ်သို့ ကြွတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ28 ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှာ တောင်ပေါ်သို့ တက်ကြွတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-