Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:26 - မြန်မာ

26 ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ထို​နောက်​ရက်​သတ္တ​တစ်​ပတ်​ကြာ​သော်​တ​ပည့် တော်​တို့​သည် အိမ်​အ​တွင်း​မှာ​စု​ဝေး​လျက်​ရှိ ကြ​၏။ သော​မ​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၏။ တံ​ခါး​များ​ပိတ်​ထား​လျက်​ရှိ​၏။ သို့​ရာ​တွင် သ​ခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့ ၏​အ​လယ်​တွင်​ရပ်​တော်​မူ​ပြီး​လျှင် ``သင်​တို့ ၌​ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မိန့်​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထိုနောက် ရှစ်ရက်ကြာသော် သောမနှင့်တကွတပည့်တော်တို့သည် အိမ်ထဲတွင်ရှိနေကြပြန်ရာ တံခါးပိတ်လျက်ရှိစဉ် ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မြွက်ဆိုတော်မူပြီးလျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​နောက် ရှစ်​ရက်​မြောက်​သော​နေ့၌ တ​ပည့်​တော်​တို့​သည် တစ်​ဖန်​အ​ထဲ​မှာ​ရှိ​ကြ၍ သော​မ​လည်း​ပါ၏။ တံ​ခါး​များ​ကို ပိတ်​ထား​စဉ်​အ​ခါ၊ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ​ရပ်​တော်​မူ​လျက်၊ သင်​တို့၌​ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ထို့နောက် ရှစ်​ရက်​ကြာ​သော် တပည့်​တော်​တို့​သည် တစ်ဖန် အထဲ၌​ရှိ​ကြ​၍ သောမ​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​၏။ တံခါး​များ​ကို​ပိတ်​ထား​သော်လည်း ယေရှု​သည်​ကြွလာ​၍ သူတို့​အလယ်​၌​ရပ်​တော်မူ​ပြီးလျှင်“သင်​တို့​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ရှစ်ရက်​ကြာ​သော် တပည့်တော်တို့​သည် တစ်ဖန်​စုဝေးကြ၏။ သောမ​သည်လည်း ထို​သူတို့​နှင့်အတူ ရှိ၏။ သူတို့​သည် တံခါးများ​ကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှု​သည် ယခင်​ကဲ့သို့ ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:26
14 ပူးပေါင်းရင်းမြစ်များ  

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​ညီ ယော​ဟန်​တို့​ကို ခေါ်၍၊ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။-


ထို​နောက် တစ်​ကျိပ်​တစ်​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊-


ထို​သို့​အ​ချင်း​ချင်း ပြော​ဆို​သော​အ​ခါ၊ ယေ​ရှု​သည် သူ​တို့​အ​လယ်၌ ရပ်​တော်​မူ​လျက်၊ သင်​တို့​အား ငြိမ်​သက်​ခြင်း​ဖြစ်​စေ​သ​တည်း ဟု​မိန့်​တော်​မူ၏။-


ထို​သို့​မိန့်​တော်​မူ​သည်​နောက်၊ ရှစ်​ရက်​လောက်​လွန်​သော​အ​ခါ၊ ယေ​ရှု​သည် ပေ​တ​ရု၊ ယော​ဟန်၊ ယာ​ကုပ်​တို့​ကို​ခေါ်၍ ဆု​တောင်း​ခြင်း​ငှာ တောင်​ပေါ်​သို့ တက်​ကြွ​တော်​မူ၏။-


ဒိ​ဒု​မု​အ​မည်​ရှိ​သော သော​မ​က၊ အ​ကျွန်ုပ်​တို့​လည်း​လိုက်၍ သ​ခင်​နှင့်​အ​တူ အ​သေ​ခံ​ကြ​ကုန်​အံ့​ဟု တ​ပည့်​တော်​ချင်း​တို့​အား ပြော​ဆို၏။


ငြိမ်​သက်​ခြင်း​ကို သင်​တို့၌​ငါ​ထား​ခဲ့၏။ ငါ၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး၏။ လော​ကီ​သား​တို့ ပေး​သ​ကဲ့​သို့ ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့ စိတ်​နှ​လုံး​ပူ​ပန်​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​စေ​နှင့်။-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်​ဖြစ်​သော ထို​နေ့၌ ည​အ​ချိန်​ရောက်​သော​အ​ခါ၊ ယု​ဒ​လူ​တို့​ကို​ကြောက်၍ တံ​ခါး​များ​ကို​ပိတ်​ထား​လျက်၊ တ​ပည့်​တော်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ရပ်​သို့ ယေ​ရှု​သည်​ကြွ​လာ၍ အ​လယ်​မှာ ရပ်​တော်​မူ​လျက်၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​တည်း​ဟု မိန့်​တော်​မူ၏။-


တစ်​ဖန် ယေ​ရှု​က၊ သင်​တို့၌ ငြိမ်​သက်​ခြင်း​ရှိ​စေ​သ​တည်း။ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​ကို ငါ​စေ​လွှတ်​သည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


တစ်​ဖန်​ယေ​ရှု​သည် တိ​ဗေ​ရိ​အိုင်​နား​မှာ တ​ပည့်​တော်​တို့​အား ကိုယ်​ကို​ပြ​တော်​မူ၏။ ပြ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊-


ထို​ပြ​တော်​မူ​ခြင်း​ကား၊ ယေ​ရှု​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ တ​ပည့်​တော်​တို့​အား ကိုယ်​ကို သုံး​ကြိမ်​မြောက်​သော ပြ​တော်​မူ​ခြင်း​ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ