သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
ရှင်ယောဟန် 15:16 - Common Language Bible သင်တို့သည်ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ တည်မြဲသောအသီးကိုသီးနိုင်ကြစေရန်သင် တို့အားငါရွေးကောက်ခန့်ထား၏။ သို့ဖြစ်၍ငါ ၏နာမကိုအမှီပြု၍သင်တို့တောင်းလျှောက် သမျှတို့ကိုခမည်းတော်ပေးတော်မူလိမ့်မည်။- Garrad Bible သင်တို့သည်ငါ့ကိုရွေးချယ်ကြသည်မဟုတ်။ ငါကသာသင်တို့ကိုရွေးချယ်သည့်အလျောက်သွားကြပြီးလျှင် တည်မြဲသောအသီးကိုသီးလျက်၊ ခမည်းတော်ထံ ငါ့နာမ၌တောင်းလျှောက်သမျှကိုရကြစေရန် ငါခန့်ထား၏။ Judson Bible သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။ မြန်မာ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။ |
သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
ယခုအခါ၌ကျွန်တော်မျိုးသည်အသက် ကြီး၍ ဆံပင်ဖြူလျက်နေပါပြီ။ အို ကျွန်တော်မျိုး၏ဘုရား၊ ကျွန်တော်မျိုးကိုစွန့်ပစ်တော်မမူပါနှင့်။ ကျွန်တော်မျိုးသည်နောင်လာလတ္တံ့သော သားစဉ်မြေးဆက်အပေါင်းတို့အား ကိုယ်တော်ရှင်၏ဘုန်းတန်ခိုးအာနုဘော် တော် အကြောင်းကိုထုတ်ဖော်ကြေညာလျက်ရှိနေစဉ် ကျွန်တော်မျိုးနှင့်အတူရှိတော်မူပါ။
ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
ထိုနေ့၌ယာကုပ်၏သားမြေးများဖြစ်သော ဣသရေလအမျိုးသားတို့သည် သစ်ပင်သဖွယ် အမြစ်စွဲ၍ဖူးပွင့်ကြလိမ့်မည်။ ကမ္ဘာမြေကြီး သည်သူတို့၏သားမြေးများနှင့်ပြည့်နှက်၍ နေလိမ့်မည်။
အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
``တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။ ရှာ ကြလော့။ ရှာလျှင်တွေ့ကြလိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်တံခါးကိုဖွင့်ပေး လိမ့်မည်။-
မိုးလင်းသောအခါတပည့်တော်တို့ကိုအထံ တော်သို့ခေါ်တော်မူပြီးလျှင် ထိုသူတို့အနက် တစ်ဆယ့်နှစ်ပါးကိုရွေးချယ်၍တမန်တော် နာမည်ဖြင့်သမုတ်တော်မူ၏။-
``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။-
သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများ ဖြစ်ပါမူလောကသားတို့သည် မိမိတို့၏သွေး ချင်းသားချင်းများသဖွယ်သင်တို့အားချစ် ကြလိမ့်မည်။ ငါသည်သင်တို့ကိုဤလောက ထဲကရွေးကောက်သည်ဖြစ်၍ သင်တို့သည်ဤ လောကနှင့်မသက်ဆိုင်။ ထို့ကြောင့်လောက သားတို့သည်သင်တို့ကိုမုန်းကြ၏။-
``ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့ကားအကိုင်း အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းလျှင်သင်တို့ သည်အဘယ်အရာကိုမျှမတတ်နိုင်ကြသော ကြောင့် မည်သူမဆိုငါ၌တည်နေ၍ငါသည် လည်းသူ၌တည်နေလျှင်များစွာသောအသီး ကိုသီးလိမ့်မည်။-
သခင်ယေရှုက ``ငါသည်တစ်ကျိပ်နှစ်ပါး သောသင်တို့ကိုရွေးချယ်ခန့်ထားခဲ့သည် မဟုတ်ပါလော။ သို့သော်လည်းသင်တို့တွင် နတ်မိစ္ဆာတစ်ဦးပါလျက်နေ၏'' ဟုမိန့်တော် မူ၏။-
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
သို့ရာတွင်သင်တို့အပေါ်သို့သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သောအခါ၌ သင်တို့ သည်တန်ခိုးကိုခံယူရရှိကြလိမ့်မည်။ ထို အခါသင်တို့သည်ယေရုရှလင်မြို့၊ ယုဒ ပြည်တစ်ပြည်လုံးနှင့်ရှမာရိပြည်မှစ၍ ကမ္ဘာမြေကြီးအစွန်အဖျားတိုင်အောင် ငါ ၏အကြောင်းကိုသက်သေခံသူများဖြစ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။-
အာနနိက `သင်သည်ငါတို့ဘိုးဘေးများ ကိုးကွယ်သည့်ဘုရားသခင်၏အလိုတော် ကိုသိရစေရန်လည်းကောင်း၊ ကိုယ်တော်၏ ဖြောင့်မတ်သောအစေခံအားဖူးမြင်ရစေ ရန်လည်းကောင်း၊ ထိုအရှင်၏နှုတ်တော်မှ အသံတော်ကိုကြားရစေရန်လည်းကောင်း ကိုယ်တော်သည်သင့်အားရွေးချယ်တော်မူ လေပြီ။-
သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။
ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
သို့ရာတွင်မမွေးမီကပင်လျှင်ဘုရားသခင်သည် ကျေးဇူးတော်အားဖြင့် ငါ့အားရွေးချယ်၍အမှု တော်ဆောင်ရန်ခေါ်ယူတော်မူ၏။ ထိုနောက်လူမျိုး ခြားတို့အားသားတော်၏အကြောင်းသတင်း ကောင်းကိုဟောပြောကြေညာနိုင်စေရန် မိမိ၏ အလိုတော်နှင့်အညီငါ့အား ထိုသားတော်ကို ဖူးမြင်ခွင့်ပေးတော်မူ၏။ ထိုအခါငါသည် အဘယ်သူ၏ထံ၌မျှအကြံဉာဏ်မတောင်း ခံခဲ့။-
ငါတို့သည်ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ဘုရားသခင်စီမံထားတော်မူ သောအကျင့်ကောင်းများကိုပြုကျင့်စေရန် ဘုရား သခင်သည်ငါတို့အားဖန်ဆင်းတော်မူပေသည်။
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
သင်တို့သည်ဘုရားသခင်၏ကျေးဇူးတော် အကြောင်းကိုကြားရပြီးသည့်နေ့မှစ၍ ထို ကျေးဇူးတော်ကိုအမှန်သိမြင်ခံစားရကြ သည်နှင့်အမျှသတင်းကောင်းသည် သင်တို့ ထံသို့ပျံ့နှံ့၍လာပေသည်။ ထိုနည်းတူစွာ သတင်းကောင်းသည်ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့၍ ကောင်းချီးမင်္ဂလာများခံစားစေ လျက်ရှိပေသည်။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
ဘုရားသခင်သည်ထိုသတင်းကောင်းကို ကြေညာရန် ငါ့ကိုတမန်တော်နှင့်ဆရာ အဖြစ်ခန့်ထားတော်မူ၏။-
အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။
ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။-
အာဗေလသည်ကာဣနပူဇော်သောယဇ် ထက်ပို၍မြတ်သည့်ယဇ်ကို ဘုရားသခင် အားပူဇော်သည်မှာယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူ၏ယုံကြည်ခြင်းကိုထောက်၍ ဘုရားသခင်သည် သူ့အားဖြောင့်မတ်သူ အဖြစ်လက်ခံတော်မူ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ပူဇော်သကာများကိုနှစ် သက်တော်မူသောကြောင့်ဖြစ်၏။ အာဗေလ သည်သေလွန်သော်လည်း မိမိ၏ယုံကြည် ခြင်းအားဖြင့်ယခုပင်ဟောပြောသေး၏။
ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။-
မေတ္တာဟုဆိုရာ၌ဘုရားသခင်အတွက်ငါ တို့ထားရှိသည့်မေတ္တာကိုမဆိုလို။ ငါတို့သည် အပြစ်များမှပြေလွတ်ခွင့်ရရှိ၍ ပူဇော်ဆက် ကပ်တော်မူသောသားတော်ကိုစေလွှတ်တော် မူခြင်းအားဖြင့် ငါတို့အားဘုရားသခင်ပြ တော်မူသောမေတ္တာတော်ကိုဆိုလိုပေသည်။
ဘုရားသခင်သည်ငါတို့အားရှေးဦးစွာချစ် တော်မူသောကြောင့်ငါတို့သည်ကိုယ်တော်ကို ချစ်ကြ၏။-