Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 11:4 - Common Language Bible

4 အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ယုံ ကြည် ခြင်း အား ဖြင့် အာ ဗေ လ သည် ကာ ဣ န ထက် ကောင်း မြတ် သော ပူ ဇော် သ က္ကာ ကို ဘု ရား သ ခင့် ထံ ဆက် ကပ် ရာ ထို အ လှူ ဝ တ္ထု နှင့် စပ်၍ ဘု ရား သ ခင် သက် သေ ခံ တော် မူ သည့် အ လျောက် သူ တော် ကောင်း ဟူ သော အ သ ရေ ရ သည့် ပြင် သေ လွန် သော် လည်း ဟော ပြော လျက် ရှိ သေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 အာ​ဗေ​လ​သည်၊ ကာ​ဣ​န​ပူ​ဇော်​သော​ယဇ်​ထက် သာ၍ မြတ်​သော​ယဇ်​ကို၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​အား ပူ​ဇော်၏။ ထို​သို့​သော​ယဇ်​ကို ပူ​ဇော်၍၊ မိ​မိ​ဖြောင့်​မတ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​ခြင်း​ကို ရ​လေ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​လှူ​သော​အ​လှူ​ကို ဘု​ရား​သ​ခင်​သည် လက်​ခံ​တော်​မူ၏။ သို့​ဖြစ်၍၊ အာ​ဗေ​လ​သည် သေ​လွန်​သော်​လည်း ယ​ခု​ပင် တ​ရား​ဟော​သေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ယုံကြည်​ခြင်း​အားဖြင့် အာဗေလ​သည် ကာဣန​ထက် မြတ်​သော​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​ခဲ့​ပြီး ထို​ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သော​သူ​အဖြစ် အသိအမှတ်ပြု​ခြင်း​ခံရ​၏။ အကြောင်းမူကား ဘုရားသခင်​သည် သူ​၏​ပူဇော်သက္ကာ​များ​ကို အသိအမှတ်ပြု​တော်မူ​၏။ သူ​သည် သေလွန်​သော်လည်း ထို​ယုံကြည်​ခြင်း​အားဖြင့် ယခု​တိုင်အောင် စကား​ပြော​နေ​သေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 အာဗေလ​သည် ကာဣန​ထက် ပို​၍ မြတ်သော​ယဇ်​ကို ဘုရားသခင်​အား ယုံကြည်ခြင်း​ဖြင့် ပူဇော်၏။ ဘုရားသခင်​သည် အာဗေလ​၏ အလှူ​ကို နှစ်သက်​လက်ခံတော်မူ​ပြီး အာဗေလ​သည် ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူခြင်း​ခံရ၏။ အာဗေလ​သည် ကွယ်လွန်​သော်လည်း ထို​ယုံကြည်ခြင်း​စံနမူနာ​ဖြင့် ကျွန်ုပ်တို့​အား ဟောပြော​နေဆဲ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 11:4
21 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​ဘယ်​ကြောင့် ဤ​ဆိုး​ယုတ်​သော​အ​မှု​ကို​ပြု​ရ​သ​နည်း။ သင့် ညီ​အ​သွေး​၏​အ​သံ​သည်​မြေ​ထဲ​မှ ငါ့​ထံ​သို့ အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​၌​ထို​သို့​မ​ဖြစ်​စေ​ရ။ သင့်​အား​သတ်​သော​သူ​မည်​သည်​ကား ခု​နစ်​ဆ သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ ၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ကာ​ဣ​န ကို​တွေ့​ရှိ​သူ​သည်​သူ့​ကို​မ​သတ်​ရန် သ​တိ ပေး​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြင့်​သူ့​အ​ပေါ် တွင်​မှတ်​သား​ပေး​တော်​မူ​၏။-


အာ​ဒံ​နှင့်​ဧ​ဝ​တို့​တွင်​သား​တစ်​ယောက်​ထပ်​၍ ဖွား မြင်​လေ​၏။ ဧ​ဝ​က``ကာ​ဣ​န​သတ်​ခဲ့​သော​အာ​ဗေ​လ အ​စား သား​တစ်​ယောက်​ကို​ဘု​ရား​သ​ခင်​က​ပေး တော်​မူ​ပြီ'' ဟု​ဆို​လျက်​ထို​သား​ကို​ရှေ​သ​ဟု နာ​မည်​မှည့်​လေ​၏။-


ကာ​ဣ​န​သည်​ညီ​အာ​ဗေ​လ​အား``လမ်း​လျှောက် ထွက်​ကြ​မည်'' ဟု​ခေါ်​၍​လယ်​ထဲ​သို့​ရောက်​ရှိ ကြ​လျှင် ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု​ကာ သတ်​လေ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မီး​ကို​ချ​ပေး​တော်​မူ​သ​ဖြင့် ယဇ်​ပူ​ဇော်​သကာ​နှင့်​တ​ကွ​ထင်း​နှင့်​ကျောက်​တုံး​များ ပါ​ကျွမ်း​လောင်​သွား​သည့်​အ​ပြင် မြေ​ကြီး​သည်​လည်း မီး​ကျွမ်း​၍​မြောင်း​ထဲ​ရှိ​ရေ​ကို​ခန်း​ခြောက်​စေ​၏။-


ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိတို့ စိတ်နှလုံးထဲက မြွက်ဆိုကြလိမ့်မည်။


မတရားသောသူ ပူဇော်သောယဇ်ကို ထာဝရ ဘုရားစက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘောဖြောင့်သောသူ ဆုတောင်းသော ပဌနာကိုကား၊ နှစ်သက်တော်မူ၏။


မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​မီး​လျှံ​ကို ရုတ်​တ​ရက်​ကျ​ရောက်​စေ​ပြီး​လျှင် ယဇ်​ပလ္လင် ပေါ်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​နှင့်​အ​ဆီ​များ​ကို လောင်​ကျွမ်း​စေ​သည်။ လူ​အ​ပေါင်း​တို့​သည် ထို အ​ခြင်း​အ​ရာ​ကို​မြင်​ကြ​သော​အ​ခါ​ကြွေး ကြော်​၍​ပျပ်​ဝပ်​ကြ​၏။


ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-


သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။


ယုံ​ကြည်​ခြင်း​ကြောင့်​ရှေး​ခေတ်​လူ​တို့​သည် ဘု​ရား​သ​ခင်​၏​ချီး​မွမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​၏။


ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-


သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။


ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ရန်​အ​တွက် လူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။-


ပ​ညတ်​တ​ရား​အ​ရ​အ​ရာ​ခပ်​သိမ်း​လို​လို​ပင် သွေး​အား​ဖြင့်​သန့်​စင်​မှု​ကို​ရ​ရှိ​ကြ​၏။ သွေး သွန်း​မှု​ရှိ​မှ​သာ​အ​ပြစ်​ပြေ​နိုင်​၏။


ထို​သူ​တော်​ကောင်း​သည်​ဆိုး​ယုတ်​သူ​တို့​နှင့် အ​တူ​နေ​ထိုင်​ကာ နေ့​စဉ်​နှင့်​အ​မျှ​သူ​တို့​ပြု ကျင့်​သည့်​ဆိုး​ညစ်​မှု​များ​ကို​တွေ့​မြင်​ကြား သိ​သ​ဖြင့် လွန်​စွာ​စိတ်​ဒုက္ခ​ရောက်​ခဲ့​ရ​ပေ​သည်။-


သူ​တို့​သည်​အ​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။ သူ တို့​သည်​ကာ​ဣ​န​၏​လမ်း​စဉ်​ကို​လိုက်​ကြ​လေ ကုန်​ပြီ။ ငွေ​ကို​စုံ​မက်​သ​ဖြင့်​ဗာ​လမ်​၏​အ​မှား မျိုး​ကို​ပြု​ကြ​လေ​ကုန်​ပြီ။ ကော​ရ​ကဲ့​သို့ တော်​လှန်​ပုန်​ကန်​ကြ​သ​ဖြင့် ဆုံး​ရှုံး​ပျက်​စီး ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ