Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 71:18 - Common Language Bible

18 ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 နောင် လာ လူ မျိုး တစ် ဆက် အား၊ စွမ်း အား တော် နှင့် တန် ခိုး တော် ကို မ ဖော် ပြ ရ မီ၊ အို မင်း၍ ဆံ ဖြူ သည့် ကာ လ တိုင် တိုင် အ ကျွန်ုပ် ကို စွန့် တော် မ မူ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဘုန်းလက်ရုံး​တော်​အကြောင်း​ကို ဤ​မျိုးဆက်​အား​လည်းကောင်း​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​တော်​အကြောင်း​ကို နောင်လာနောက်သား​အပေါင်း​တို့​အား​လည်းကောင်း မ​ပြောကြား​မီ​တိုင်အောင် အကျွန်ုပ်​သည် အိုမင်း​၍ ဆံပင်ဖြူ​လျက်​ရှိ​လျှင်ပင် အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 71:18
16 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​ခဲ့​၏'' ဟု​လာ​လတ္တံ့​သော လူ​မျိုး​ဆက်​အား​ပြော​ကြား​ကြ​လိမ့်​မည်။


ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အို​မင်း​သော ကြောင့် ကျွန်​တော်​မျိုး​အား​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။ ယ​ခု​အ​ခါ​မ​စွမ်း​မ​သန်​သော​ကြောင့် ကျွန်​တော်​မျိုး​အား​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။


ယင်း​တို့​ကို​ငါ​တို့​သည်​သား​မြေး​များ​ထံ​မှ ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​နှင့်​ကြီး​မြတ်​သော အ​မှု​တော်​ကို​လည်း​ကောင်း၊ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​အ​မှု​တို့​ကို​လည်း​ကောင်း နောက်​လူ​မျိုး​ဆက်​အား​ဖော်​ပြ​မည်။


ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ၊နောက်​လူ​မျိုး​ဆက် သည် ပ​ညတ်​တော်​တို့​ကို​သိ​ရှိ​နား​လည်​လျက် မိ​မိ​တို့​၏​သား​မြေး​တို့​အား​တစ်​ဆင့်​ပြန်​၍ သွန်​သင်​ပေး​နိုင်​ကြ​စေ​ရန်​ဖြစ်​၏။


ထို​ပွဲ​တော်​စ​တင်​ကျင်း​ပ​သော​နေ့​တွင်​သင် ၏​သား​တို့​အား`အီ​ဂျစ်​ပြည်​မှ​ငါ​တို့​ထွက် ခွာ​လာ​စဉ်​က ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သော​ကျေး​ဇူး​တော်​ကို​အောက်​မေ့​သည့်​အ​ထိမ်း အ​မှတ်​ပွဲ​တော်​ဖြစ်​သည်' ဟု​ရှင်း​ပြ​ရ​မည်။-


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။


အို ထာ​ဝ​ရ​ဘု​ရား၊နိုး​ထ​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော်​အား​ဖြင့် ကျွန်​တော်​မျိုး​တို့​အား​ကယ်​တော်​မူ​ပါ။ နိုး​ထ​တော်​မူ​၍​ရှေး​ပ​ဝေ​သ​ဏီ​ကာ​လ​၌ ကဲ့​သို့​ပင် တန်​ခိုး​တော်​ကို​အ​သုံး​ပြု​တော်​မူ​ပါ။ ပင်​လယ်​န​ဂါး​ကြီး​ရာ​ခပ်​အား အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​သော​သူ​ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။


ပြည်​သူ​တို့​က၊ ``ငါ​တို့​ယ​ခု​ဖော်​ပြ​သည့်​သ​တင်း​ကို​အ​ဘယ် သူ​သည် ယုံ​ကြည်​ပါ​လိမ့်​မည်​နည်း။ ဤ​အ​ဖြစ်​အ​ပျက်​တွင်​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အ​ဘယ်​သူ​တွေ့​မြင်​နိုင် ပါ​လိမ့်​မည်​နည်း။


ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-


(ဧ​လိ​ကား​ယ​ခု​အ​ခါ​အ​သက်​ကိုး​ဆယ် ရှစ်​နှစ်​ရှိ​၍ မျက်​စိ​ကွယ်​ခါ​နီး​ပြီ။-)


ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​ကြောင်း​ကို ကြား​သော​အ​ခါ တံ​ခါး​အ​နီး​ရှိ​ထိုင်​ခုံ​ပေါ်​မှ နောက်​ပြန်​လဲ​ကျ​သွား​တော့​၏။ သူ​သည်​လွန်​စွာ အို​မင်း​၍​ဝ​လွန်း​သော​ကြောင့် ယင်း​သို့​လဲ​ကျ​ရာ ၌​လည်​ကုတ်​ကျိုး​၍​သေ​လေ​၏။ သူ​သည်​အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ဦး​စီး​ခေါင်း​ဆောင်​လုပ်​ခဲ့​သူ​ဖြစ် သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ