သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
ရှင်မာကု 5:35 - Common Language Bible ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။ Garrad Bible ထို သို့ မိန့် တော် မူ စဉ် ဓ မ္မာ ရုံ အုပ် အိမ် မှ လူ လာ၍ အ ရှင့် သ မီး သေ ဆုံး ပြီ။ ဆ ရာ ကို အ ဘယ် ကြောင့် ဆက် လက် ပင် ပန်း ရှာ တော့ သ နည်း ဟု ကြား ပြော ကြ ရာ၊ Judson Bible ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးယာဣရုအိမ်မှ လူတချို့သည် ရောက်လာ၍ ယာဣရုအား “အရှင့်သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို အဘယ်ကြောင့် နှောင့်ယှက်တော့မည်နည်း” ဟု ဆိုကြ၏။ မြန်မာ ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- |
သခင်ယေရှုသည်ကြားသိတော်မူသော အခါ ``အဘယ်ကြောင့်ဤအမျိုးသမီးကို သင်တို့နှောင့်ယှက်ကြသနည်း။ သူပြုသော အမှုသည်လွန်စွာလျောက်ပတ်ပေ၏။-
ကိုယ်တော်က ``မြို့ထဲသို့ဝင်၍ဤမည်သောသူထံ သို့သွား၍ဆရာတော်က `ငါ့အတွက်သတ်မှတ် ထားသည့်အချိန်ရောက်လာပြီဖြစ်၍ငါ့တပည့် များနှင့်အတူသင်၏အိမ်တွင်ပသခါပွဲကို ကျင်းပလိုသည်' ဟုမှာကြားလိုက်ကြောင်းပြော ကြလော့'' ဟုမိန့်တော်မူ၏။
သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။
သခင်ယေရှုသည်ခရီးပြုရန်ထွက်တော်မူစဉ် လူတစ်ယောက်သည်အထံတော်သို့ပြေးလာပြီး လျှင်ရှေ့တော်၌ဒူးထောက်လျက် ``ကောင်းမြတ် တော်မူသောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှာ အကျွန်ုပ်သည်အဘယ်သို့ပြုရမည်နည်း'' ဟုမေးလျှောက်၏။
ယင်းသို့ကိုယ်တော်မိန့်တော်မူချိန်၌တရားဇရပ် အုပ်ချုပ်ရေးမှူး၏အိမ်မှလူတစ်ယောက်ရောက်လာ ၏။ ``အရှင်၏သမီးသေဆုံးပါပြီ။ အဘယ်ကြောင့် ဆရာတော်ကိုနှောင့်ယှက်ပါတော့မည်နည်း'' ဟု ပြော၏။
မာသက ``အရှင်ဘုရား၊ အရှင်သာဤ အရပ်တွင်ရှိခဲ့ပါမူကျွန်မ၏မောင်သေ မည်မဟုတ်ပါ။-
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
မာရိသည်သခင်ယေရှုရှိရာအရပ်သို့ရောက် သောအခါ ကိုယ်တော်ကိုမြင်သဖြင့်ခြေတော် ရင်းမှာပျပ်ဝပ်လျက် ``အရှင်ဘုရား၊ အရှင် သာဤအရပ်မှာရှိတော်မူခဲ့ပါလျှင်ကျွန်မ မောင်သည်သေမည်မဟုတ်ပါ'' ဟုလျှောက် ထား၏။
သခင်ယေရှုက ``ကျောက်တုံးကိုရွှေ့လိုက်ကြ လော့'' ဟုမိန့်တော်မူ၏။ သေလွန်သူ၏အစ်မ၊ မာသက ``အရှင် ဘုရား၊ ယခုအခါဆိုလျှင်အနံ့ထွက် နေပါလိမ့်မည်။ သူသေသည်မှာလေးရက် ရှိပါပြီ'' ဟုလျှောက်၏။
အမှန်အကန်သင်တို့အားငါဆိုသည်ကား သူသေတို့သည် ဘုရားသခင်၏သားတော် အသံကိုကြားရသည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအချိန်သည်ယခုပင်ကျ ရောက်လျက်ရှိပြီ။ သားတော်၏အသံကို ကြားရသောသူတို့သည်အသက်ပြန်၍ ရှင်ကြလိမ့်မည်။-