Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:21 - Common Language Bible

21 မာ​သ​က ``အ​ရှင်​ဘု​ရား၊ အ​ရှင်​သာ​ဤ အ​ရပ်​တွင်​ရှိ​ခဲ့​ပါ​မူ​ကျွန်​မ​၏​မောင်​သေ မည်​မ​ဟုတ်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အရှင်ဘုရား၊ ကိုယ်တော်ရှိတော်မူခဲ့လျှင် တပည့်တော်မမောင်မသေလေပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 မာသ​က ယေရှု​အား “သခင်… သခင်​သာ ဤ​နေရာ​၌ ရှိတော်မူခဲ့​လျှင် ကျွန်မ​မောင်​သေဆုံးမည်​မဟုတ်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:21
12 ပူးပေါင်းရင်းမြစ်များ  

မု​ဆိုး​မ​သည်​ဧလိယ​အား``အို ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ၊ အ​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျွန်​မ အား​ဤ​သို့​ဒုက္ခ​ရောက်​စေ​ပါ​သ​နည်း။ အ​ရှင် သည်​ကျွန်​မ​၏​သား​သေ​ရ​အောင်​ဘု​ရား​သ​ခင်​အား ကျွန်​မ​၏​အ​ပြစ်​များ​ကို​ပြန် လည်​သ​တိ​ပေး​ရန်​အ​တွက် ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဆို​၏။


``ဘု​ရား​သ​ခင်​သည်​တော​ကန္တာ​ရ​တွင်​ငါ​တို့​အား အ​စား​အ​စာ​ကို​ပေး​နိုင်​ပါ​မည်​လော။


သူ​တို့​သည်​အ​ဖန်​တ​လဲ​လဲ​ဘု​ရား​သ​ခင်​အား သွေး​စမ်း​လျက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​၏။


သ​ခင်​ယေ​ရှု​ဤ​သို့​မိန့်​မြွက်​လျက်​နေ​တော်​မူ စဉ် တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​တစ်​ယောက်​သည် အ​ထံ​တော်​သို့​လာ​ရောက်​ပျပ်​ဝပ်​၏။ ထို​သူ​က ``အ​ကျွန်ုပ်​၏​သ​မီး​သည်​ယ​ခု​ပင်​သေ​ဆုံး​သွား ပါ​သည်။ သို့​ရာ​တွင်​အ​ရှင်​ကြွ​တော်​မူ​၍​သူ့ အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ​လျှင် သူ သည်​အ​သက်​ရှင်​လာ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​တောင်း​ပန်​၏။


(ဤ​မာ​ရိ​ကား​သခင်​ယေ​ရှု​၏​ခြေ​တော်​ထက် မှာ​ဆီ​မွှေး​သွန်း​လောင်း​၍ မိ​မိ​ဆံ​ပင်​ဖြင့်​သုတ် ပေး​သူ​ဖြစ်​၏။ ဖျား​နာ​နေ​သူ​လာ​ဇ​ရု​သည် ဤ​မာ​ရိ​၏​မောင်​တည်း။)-


ညီ​အစ်​မ​နှစ်​ယောက်​တို့​က ``အ​ရှင်၊ အ​ရှင် ချစ်​တော်​မူ​သော​သူ​သည်​ဖျား​နာ​လျက်​နေ ပါ​၏'' ဟု​သ​ခင်​ယေ​ရှု​ထံ​သို့​သ​တင်း​ပေး ပို့​လိုက်​ကြ​၏။


မာ​ရိ​သည်​သ​ခင်​ယေ​ရှု​ရှိ​ရာ​အ​ရပ်​သို့​ရောက် သော​အ​ခါ ကိုယ်​တော်​ကို​မြင်​သ​ဖြင့်​ခြေ​တော် ရင်း​မှာ​ပျပ်​ဝပ်​လျက် ``အ​ရှင်​ဘု​ရား၊ အ​ရှင် သာ​ဤ​အ​ရပ်​မှာ​ရှိ​တော်​မူ​ခဲ့​ပါ​လျှင်​ကျွန်​မ မောင်​သည်​သေ​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက် ထား​၏။


အ​ချို့​သော​သူ​တို့​က​မူ ``မျက်​မ​မြင်​ကို မျက်​စိ​မြင်​စေ​သော​သူ​သည်​လာ​ဇ​ရု​ကို မ​သေ​ရ​အောင်​မ​တတ်​နိုင်​ပါ​သ​လော'' ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ