ရှင်မာကု 5:36 - Common Language Bible36 သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible36 ယေ ရှု သည် ထို စ ကား ကို အ ရေး မ ယူ ဘဲ ဓ မ္မာ ရုံ အုပ် အား မ ကြောက် နှင့်။ ယုံ ကြည် ခြင်း သာ ရှိ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible36 ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 သို့သော် ယေရှုသည် ထိုစကားကိုဂရုမပြုဘဲ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား“မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း36 ယေရှုသည် ထိုစကားကို ကြားတော်မူလျှင် “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာ ရှိစေလော့” ဟု ဝတ်ပြုဆောင်မှူးကို မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ36 ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
သခင်ယေရှုဤသို့မိန့်မြွက်လျက်နေတော်မူ စဉ် တရားဇရပ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် အထံတော်သို့လာရောက်ပျပ်ဝပ်၏။ ထိုသူက ``အကျွန်ုပ်၏သမီးသည်ယခုပင်သေဆုံးသွား ပါသည်။ သို့ရာတွင်အရှင်ကြွတော်မူ၍သူ့ အပေါ်မှာလက်တော်ကိုတင်တော်မူလျှင် သူ သည်အသက်ရှင်လာပါလိမ့်မည်'' ဟုလျှောက် ထားတောင်းပန်၏။