Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 11:28 - Common Language Bible

28 ဤ​သို့​လျှောက်​ထား​ပြီး​လျှင်​မာ​သ​သည်​အိမ် သို့​ပြန်​၍​ညီ​မ​မာ​ရိ​ကို​တိတ်​တ​ဆိတ်​ခေါ် ပြီး​နောက် ``ဆ​ရာ​တော်​ကြွ​လာ​တော်​မူ​ပြီ။ သင့်​အား​မေး​လျက်​နေ​သည်'' ဟု​ပြော​ကြား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထွက်သွား၍ ညီမမာရိကိုတိတ်တဆိတ်ခေါ်လျက် ဆရာတော်ရောက်လာ၍ သင့်ကိုခေါ်နေသည်ဟုဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်​သွား​၍ မိမိ​၏​ညီမ မာရိ​ကို​ခေါ်​လျက် “ဆရာ​ရောက်လာ​ပြီး သင့်​ကို​ခေါ်​နေ​သည်”​ဟု တိတ်တဆိတ်​ပြော​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထိုသို့​လျှောက်ထား​ပြီးနောက် မာသ​သည် ပြန်သွား​၍ ငိုကြွေးနေကြသူများ​အထဲမှ မိမိ​ညီမ မာရိ​ကို ခေါ်​လျက် “ဆရာတော် ကြွလာပြီ။ သင့်​ကို ခေါ်တော်မူသည်” ဟု တိတ်တဆိတ်​ပြောလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 11:28
19 ပူးပေါင်းရင်းမြစ်များ  

``ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ သင်​တို့​ရှိ​သ​မျှ​သည်​စ​ပျစ်​ဥ​ယျာဉ်​များ၊ သ​ဖန်း​ပင်​များ​ခြံ​ရံ​လျက်​ငြိမ်း​ချမ်း​လုံ​ခြုံ စွာ​နေ​ထိုင်​နိုင်​ကြ​စေ​ရန် မိ​မိ​တို့​၏​အိမ်​နီး ချင်း​များ​ကို​ခေါ်​ဖိတ်​ကြ​လိမ့်​မည်'' ဟု​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။


ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။


ထို​သူ​၏​နောက်​သို့​လိုက်​သွား​ကြ​လော့။ သူ​ဝင်​သော အိမ်​မှ​အိမ်​ရှင်​အား ``ဆ​ရာ​တော်​နှင့်​တ​ပည့်​များ ပ​သ​ခါ​ပွဲ​ည​စာ​ကို​စား​ရန်​အ​ခန်း​ကား​အ​ဘယ် မှာ​နည်း'' ဟု​ဆ​ရာ​တော်​က​မေး​ကြောင်း​ပြော ကြ​လော့။-


အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-


သူ​သည်​အစ်​ကို​ဖြစ်​သူ​ရှိ​မုန်​ကို​ချက်​ချင်း​ရှာ ၍ ``မေ​ရှိ​ယ​အ​ရှင်​ကို​ငါ​တို့​တွေ့​ပြီ'' ဟု​ဆို​၏။ (မေ​ရှိ​ယ​အ​နက်​မှာ ခ​ရစ်​တော်​ဖြစ်​သ​တည်း။)-


ဖိ​လိပ္ပု​သည်​နာ​သ​နေ​လ​ကို​တွေ့​သ​ဖြင့် ``မော​ရှေ ၏​ပ​ညတ်​ကျမ်း​တွင်​လည်း​ကောင်း၊ ပ​ရော​ဖက်​ကျမ်း များ​တွင်​လည်း​ကောင်း​ရေး​သား​ဖော်​ပြ​ထား​သူ ကို​ငါ​တို့​တွေ့​ပြီ။ ထို​သူ​သည်​ယောသပ်​၏​သား၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ်​၏'' ဟု​ဆို​၏။


သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-


မာ​သ​သည်​သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ ကြောင်း​ကို​ကြား​လျှင် ခ​ရီး​ဦး​ကြို​ပြု​ရန် ထွက်​သွား​၏။ မာ​ရိ​မူ​ကား​အိမ်​တွင်​ထိုင် လျက်​နေ​ရစ်​၏။-


ထို​စ​ကား​ကို​ကြား​လျှင်​မာ​ရိ​သည်​အ​လျင် အ​မြန်​ထ​၍​အ​ထံ​တော်​သို့​သွား​လေ​၏။-


သ​ခင်​ယေ​ရှု​သည်​ကား​ရွာ​ထဲ​သို့​မ​ဝင်​ရ​သေး။ မာ​သ​သွား​ရောက်​ကြို​ဆို​ရာ​အ​ရပ်​မှာ​ပင်​ရှိ တော်​မူ​၏။-


သင်​တို့​သည်​ငါ့​ကို​ဆ​ရာ​တော်​ဟူ​၍​လည်း ကောင်း၊ အ​ရှင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း​ခေါ် တတ်​ကြ​၏။ ဤ​အ​တိုင်း​လည်း​ဟုတ်​မှန်​သ​ဖြင့် သင်​တို့​ခေါ်​သည်​မှာ​လျောက်​ပတ်​ပေ​၏။-


သ​ခင်​ယေ​ရှု​က ``မာ​ရိ'' ဟု​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​မာ​ရိ​သည်​လှည့်​၍ ဟေ​ဗြဲ​ဘာ​သာ ဖြင့် ``ရဗ္ဗုနိ'' ဟု​ထူး​၏။ (ရဗ္ဗုနိ​အ​နက်​ကား အ​ရှင်​ဘု​ရား​ဟု​ဆို​လို​သ​တည်း။)


ထို​အ​ခါ​သ​ခင်​ယေ​ရှု​ချစ်​တော်​မူ​သော​တ​ပည့် တော်​က ``ငါ​တို့​၏​သ​ခင်​ဘု​ရား​ပင်​တည်း'' ဟု ပေ​တ​ရု​အား​ပြော​၏။ ဤ​စ​ကား​ကို​ကြား​သော အ​ခါ​ပေ​တ​ရု​သည်​မိ​မိ​ချွတ်​ထား​သည့်​အ​ဝတ် ကို​ခါး​တွင်​ပတ်​၍​အိုင်​ထဲ​သို့​ခုန်​ဆင်း​လေ​၏။-


သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။


သို့​ဖြစ်​၍​သင်​တို့​၏​နွမ်း​နယ်​သည့်​လက်​များ​ကို အ​ပေါ်​သို့​မ​၍​ချိ​နဲ့​သည့်​ဒူး​ဆစ်​တို့​ကို​ခိုင်​ခံ့ စေ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ