Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 5:35 - မြန်မာ

35 ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏​သ​မီး သေ​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​ကို နှောင့်​ယှက်​သေး​သ​နည်း​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ယင်း​သို့​မိန့်​တော်​မူ​ချိန်​၌​ယာ​ဣ​ရု​၏​အိမ်​မှ​လူ အ​ချို့​တို့​ရောက်​လာ​ကြ​ပြီး​လျှင် ``အ​ရှင်​၏​သ​မီး သည်​သေ​ဆုံး​ပါ​ပြီ။ ဆ​ရာ​တော်​ကို​အ​ဘယ်​ကြောင့် ဒုက္ခ​ပေး​ပါ​တော့​မည်​နည်း'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 ထို သို့ မိန့် တော် မူ စဉ် ဓ မ္မာ ရုံ အုပ် အိမ် မှ လူ လာ၍ အ ရှင့် သ မီး သေ ဆုံး ပြီ။ ဆ ရာ ကို အ ဘယ် ကြောင့် ဆက် လက် ပင် ပန်း ရှာ တော့ သ နည်း ဟု ကြား ပြော ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏​သ​မီး သေ​ပါ​ပြီ။ အ​ဘယ်​ကြောင့် ဆ​ရာ​ကို နှောင့်​ယှက်​သေး​သ​နည်း​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​၏​အိမ်​မှ လူ​တို့​သည် ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို အဘယ်ကြောင့် ဆက်၍​နှောင့်ယှက်​နေ​ဦး​မည်နည်း”​ဟု ပြော​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ထိုသို့ မိန့်တော်မူ​နေစဉ် ဝတ်ပြုဆောင်မှူး​ယာဣရု​အိမ်​မှ လူ​တချို့​သည် ရောက်လာ​၍ ယာဣရု​အား “အရှင့်​သမီး​သည် အသက်​မရှိတော့ပါ။ ဆရာတော်​ကို အဘယ်ကြောင့် နှောင့်ယှက်​တော့မည်နည်း” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 5:35
13 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။-


ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။-


ထို​စ​ကား​ကို မိန့်​တော်​မူ​စဉ် အ​ရာ​ရှိ​တစ်​ယောက်​သည် လာ၍ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏​သ​မီး​သည် ယ​ခု​ပင် သေ​ဆဲ​ရှိ​ပါ၏။ သို့​သော်​လည်း၊ ကိုယ်​တော်​သည်​ကြွ၍ သူ့​အ​ပေါ်၌ လက်​ကို​တင်​တော်​မူ​လျှင် အ​သက်​ရှင်​ပါ​လိမ့်​မည်​ဟု လျှောက်၏။-


လမ်း​မှာ​ကြွ​တော်​မူ​စဉ်​တွင် လူ​တစ်​ယောက်​သည် အ​ထံ​တော်​သို့​ပြေး၍ ဒူး​ထောက်​လျက်၊ ကောင်း​မြတ်​သော​ဆ​ရာ၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊-


ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ကိုယ်​တော်​ကို​မြင်​လျှင်၊ ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ အ​ကျွန်ုပ်၏ သ​မီး​ငယ်​သေ​လု​ပါ​ပြီ။-


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင် တ​ရား​ဇ​ရပ်​မှူး​အိမ်​မှ လူ​လာ၍၊ ကိုယ်​တော်၏ သ​မီး​သေ​ပါ​ပြီ။ ဆ​ရာ​ကို မ​နှောင့်​ယှက်​ပါ​နှင့်​ဟု ဆို၏။-


မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-


ယေ​ရှု​က​လည်း၊ ငါ​သည် ထ​မြောက်​ခြင်း​အ​ကြောင်း၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း ဖြစ်၏။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် သေ​လွန်​သော်​လည်း ရှင်​လိမ့်​မည်။-


ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-


မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။-


ကျောက်​ကို​ရွှေ့​ကြ​လော့​ဟု ယေ​ရှု​သည်​မိန့်​တော်​မူ​လျှင်၊ သေ​လွန်​သော​သူ၏​နှ​မ မာ​သ​က၊ သ​ခင်၊ ယ​ခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိ​ပါ​ပြီ​ဟု လျှောက်၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ