ဘုရားသခင်သည်မျက်နှာကြီးငယ်မလိုက် ဘဲတရားစီရင်တော်မူသတည်း။
ဘု ရား သ ခင်၌ မျက် နှာ ငဲ့ ခြင်း မ ရှိ သည် ဖြစ်၍၊ ပ ညတ် တ ရား လွတ် ပြစ် မှား သူ တို့ သည် ပ ညတ် တ ရား လွတ် ပျက် စီး ရ လ တ္တံ့။ ပ ညတ် တ ရား သိ လျက် ပြစ် မှား သူ တို့ လည်း ပ ညတ် တ ရား အ တိုင်း စီ ရင် ခံ ရ လ တ္တံ့။
ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ။
အကြောင်းမူကား ဘုရားသခင်၌ မျက်နှာလိုက်ခြင်းမရှိ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မျက်နှာလိုက်တော်မမူသောကြောင့် ဖြစ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
သူလျှိုတို့က ``ဆရာတော်၊ အရှင်ဟောပြော သွန်သင်တော်မူသောအရာများမှန်ကန်ကြောင်း ကိုအကျွန်ုပ်တို့သိပါ၏။ အရှင်သည်မျက်နှာ ကြီးငယ်မလိုက်၊ ဘုရားသခင်၏တရားလမ်း ကိုသာဟုတ်မှန်သည်အတိုင်းသွန်သင်တော် မူပါ၏။-
ထိုအခါပေတရုက ``အကယ်စင်စစ်ဘုရား သခင်သည်မျက်နှာကြီးငယ်ထောက်တော် မမူကြောင်းကို ယခုငါသိရှိနားလည်လာ ၏။-
သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။-
ခေါင်းဆောင်များဟုထင်မှတ်ရသူတို့သည် ငါ့အားအကြံဉာဏ်သစ်မပေးကြ။ သူတို့ သည်အကယ်ပင်ခေါင်းဆောင်များဟုတ် သည်မဟုတ်သည်မှာ ငါ၏အတွက်အရေး မကြီးပါ။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်အပြင်ပုံသဏ္ဌာန်အားဖြင့် လူ တို့အားအကဲဖြတ်တော်မမူသောကြောင့် ပင်ဖြစ်၏။-
သခင်တို့၊ ခြိမ်းခြောက်မှုကိုမပြုဘဲထိုနည်းတူပင် ကျွန်များနှင့်ဆက်ဆံကြလော့။ သင်တို့နှင့်သင်တို့၏ ကျွန်များမှာကောင်းကင်ဘုံတွင်သခင်တစ်ပါးတည်း ရှိကြောင်းကိုလည်းကောင်း၊ ထိုသခင်သည်မျက်နှာ ကြီးငယ်လိုက်တော်မမူကြောင်းကိုလည်းကောင်း သတိရကြလော့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
တရားစီရင်ရာတွင်မတရားသဖြင့်စီရင် ခြင်း၊ မျက်နှာလိုက်ခြင်းမပြုလုပ်ရ။ တံစိုး လက်ဆောင်ကိုလည်းလက်မခံရ။ တံစိုးလက် ဆောင်သည်ပညာရှိနှင့်ဖြောင့်မတ်သူတို့၏ မျက်စိကိုဖုံးကွယ်စေ၍ မှားယွင်းစွာအဆုံး အဖြတ်ချမှတ်စေတတ်၏။-
ဒုစရိုက်သမားသည်ထိုက်သင့်သောအပြစ်ဒဏ် ကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်တရားစီရင်ရာတွင်မျက်နှာကြီး ငယ်လိုက်တော်မမူသောကြောင့်ဖြစ်သည်။
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-