Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 2:6 - Common Language Bible

6 ခေါင်း​ဆောင်​များ​ဟု​ထင်​မှတ်​ရ​သူ​တို့​သည် ငါ့​အား​အ​ကြံ​ဉာဏ်​သစ်​မ​ပေး​ကြ။ သူ​တို့ သည်​အ​ကယ်​ပင်​ခေါင်း​ဆောင်​များ​ဟုတ် သည်​မ​ဟုတ်​သည်​မှာ ငါ​၏​အ​တွက်​အ​ရေး မ​ကြီး​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား သ​ခင်​သည်​အ​ပြင်​ပုံ​သဏ္ဌာန်​အား​ဖြင့် လူ တို့​အား​အ​ကဲ​ဖြတ်​တော်​မ​မူ​သော​ကြောင့် ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဘု ရား သ ခင် သည် လူ တို့ ကို မျက် နှာ မ ရွေး သည့် အ လျောက် အ ကြီး အ မှူး တို့ မည် မျှ လောက် ကျော် စော သည် ကို ငါ အ ရေး မ ယူ ရ သည် နှင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 အ​သ​ရေ​ထင်​ရှား​သော​သူ​တို့​သည် အ​ထက်​က အ​ဘယ်​သို့​သော​သူ ဖြစ်​ကြ​သည်​ကို​ငါ​မ​ဆိုင်။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။ ထို​သူ​တို့နှင့် ငါ​သည် ပေါင်း​ဖော်၍ ထူး​ခြား​သော​အ​ရာ​ကို မ​ခံ​ရ​သည်​သာ​မ​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ယခင်က မည်ကဲ့သို့သော​သူ​ဖြစ်​ပါစေ ငါ့​အတွက်​အကြောင်း​မ​ဟုတ်။ ဘုရားသခင်​သည် လူ့​မျက်နှာ​ကို​ထောက်​တော်​မ​မူ။ အမှန်စင်စစ် ထို​အထင်ကရ​ဖြစ်​သော​သူ​တို့​သည် ငါ့​အပေါ် မည်သည့်​အရာ​ကို​မျှ မ​ဖြည့်စွက်​ခဲ့​ကြ​ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို​ခေါင်းဆောင်များ​သည် ယခင်က မည်ကဲ့သို့သော​သူ​ပင် ဖြစ်ခဲ့ပါစေ ကျွန်ုပ်​အတွက် အရေးမကြီးပေ။ ဘုရားသခင်​သည် မျက်နှာ​လိုက်တော်​မမူတတ်။ ထို​သူတို့​သည် ကျွန်ုပ်​၏ ဟောပြောခြင်း​အပေါ် မည်သည့်​အရာ​မျှ မဖြည့်စွက်ခဲ့ကြပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 2:6
22 ပူးပေါင်းရင်းမြစ်များ  

ထိုမျှမက၊ မင်းတို့၏မျက်နှာကို ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်ထက်၊ ရတတ် သောသူကိုသာ၍ အားနာတော်မမူသောဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်သည် ခပ်သိမ်း သောသတ္တဝါတို့ကို ဖန်ဆင်းတော်မူပြီ။


သူ​တို့​သည်​မိ​မိ​တို့​၏​တ​ပည့်​များ​ကို​ဟေ​ရုဒ် ၏​ပါ​တီ​ဝင်​အ​ချို့​နှင့်​အ​တူ​အ​ထံ​တော်​သို့ စေ​လွှတ်​ပြီး​လျှင် ``ဆ​ရာ​တော်၊ အ​ရှင်​သည်​သစ္စာ ရှိ​တော်​မူ​၍​ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း​ကို ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော်​မူ​ပါ​၏။ လူ တို့​အ​ဘယ်​သို့​ထင်​မြင်​ကြ​သည်​ကို​အ​မှု​မ ထား​ပါ။ လူ့​မျက်​နှာ​ကို​လည်း​ထောက်​တော်​မ​မူ​ပါ။-


ထို​သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​၍ ``ဆ​ရာ​တော်၊ အ​ရှင်​သည်​မှန်​သော​စ​ကား​ကို​သာ​ပြော​တတ် ပါ​၏။ လူ​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သည်​ကို အ​ရေး​မ​စိုက်။ လူ့​မျက်​နှာ​ကို​မ​ထောက်​ဘဲ​ဘု​ရား သ​ခင်​၏​တ​ရား​လမ်း​ကို​ဟုတ်​မှန်​သည့်​အ​တိုင်း သွန်​သင်​တော်​မူ​ကြောင်း​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ ရော​မ​ဧ​က​ရာဇ်​မင်း​အား​အ​ခွန်​ဆက်​အပ်​ပါ သ​လော၊ မ​ဆက်​အပ်​ပါ​သ​လော။ အ​ကျွန်ုပ်​တို့ သည်​အ​ခွန်​ဆက်​ရ​မည်​လော၊ မ​ဆက်​ရ​မည် လော'' ဟု​ပ​ရိ​ယာယ်​ဆင်​၍​မေး​လျှောက်​ကြ​၏။


သူ​လျှို​တို့​က ``ဆ​ရာ​တော်၊ အ​ရှင်​ဟော​ပြော သွန်​သင်​တော်​မူ​သော​အ​ရာ​များ​မှန်​ကန်​ကြောင်း ကို​အ​ကျွန်ုပ်​တို့​သိ​ပါ​၏။ အ​ရှင်​သည်​မျက်​နှာ ကြီး​ငယ်​မ​လိုက်၊ ဘု​ရား​သ​ခင်​၏​တ​ရား​လမ်း ကို​သာ​ဟုတ်​မှန်​သည်​အ​တိုင်း​သွန်​သင်​တော် မူ​ပါ​၏။-


ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-


လွန်​ခဲ့​သော​နှစ်​အ​နည်း​ငယ်​က​သု​ဒ​ဆို​သူ သည် မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​တစ်​ဦး​ဟု ဆို​ကာ​ပေါ်​ပေါက်​ခဲ့​၏။ သူ​သည်​နောက်​လိုက်​လူ လေး​ရာ​ခန့်​ရ​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သူ​အ​သတ် ခံ​ရ​ပြီး​နောက် သူ​၏​နောက်​လိုက်​များ​သည်​တစ် ကွဲ​တစ်​ပြား​ဖြစ်​လျက် သူ​ဦး​ဆောင်​ခဲ့​သော လှုပ်​ရှား​မှု​သည်​လည်း​ပျောက်​ပျက်​သွား​၏။-


ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။


ငါ​သည်​သင်​တို့​၏​ထူး​မြတ်​လှ​သည့်​တ​မန် တော်​များ​ထက်​အ​နည်း​ငယ်​မျှ​မ​နိမ့်​ဟု​ငါ ယူ​ဆ​၏။-


ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-


သို့​ဖြစ်​၍​ငါ​တို့​သည်​ယ​ခု​မှ​စ​၍​အ​ဘယ်​သူ ကို​မျှ​လူ​တို့​စံ​နှုန်း​အ​ရ​အ​ကဲ​မ​ဖြတ်​ကြ တော့​ပေ။ ယ​ခင်​အ​ခါ​က​ခ​ရစ်​တော်​အား​လူ တို့​စံ​နှုန်း​အ​ရ ငါ​တို့​အ​ကဲ​ဖြတ်​ခဲ့​ကြ​သော် လည်း​ယ​ခု​အ​ခါ​၌​ထို​သို့​မ​ပြု​တော့​ပြီ။-


ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း ဤ​သို့ သွား​ရောက်​ခြင်း​ဖြစ်​သည်။ ငါ​သည်​ခေါင်း​ဆောင် များ​နှင့်​သာ​တွေ့​ဆုံ​ကာ​လူ​မျိုး​ခြား​တို့​အား ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း​ကောင်း ကို​တင်​ပြ​၏။ ဤ​သို့​တင်​ပြ​ရ​ခြင်း​မှာ ယ​ခင် အ​ခါ​က​သော်​လည်း​ကောင်း၊ ယ​ခု​အ​ခါ ၌​သော်​လည်း​ကောင်း ငါ​ကြိုး​စား​ဆောင်​ရွက် သည့်​အ​မှု​တော်​ကို​အ​ချည်း​နှီး​မ​ဖြစ်​စေ လို​သော​ကြောင့်​ဖြစ်​၏။-


အ​ရေး​ပါ​အ​ရာ​ရောက်​သူ​မ​ဖြစ်​ဘဲ မိ​မိ​ကိုယ် ကို​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ဟု​ထင်​မှတ်​သော သူ​သည် မိ​မိ​ကိုယ်​ကို​လှည့်​စား​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​ပေါင်း​တို့​နှင့်​အ​ရှင်​သ​ခင်​အ​ပေါင်း တို့​၏​အ​ထွတ်​အ​ထိပ်​ဖြစ်​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​ကြီး​မြတ်​၍​တန်​ခိုး​တော်​နှင့်​ပြည့် စုံ​သော​ဘု​ရား၊ ကြောက်​ရွံ့​ရို​သေ​ဖွယ်​သော ဘု​ရား​ဖြစ်​တော်​မူ​၏။ လူ​ကဲ့​သို့​မျက်​နှာ လိုက်​ခြင်း​တံစိုး​လက်​ဆောင်​စား​ခြင်း​ရှိ​တော် မ​မူ။-


သင်​တို့​ခေါင်း​ဆောင်​များ​၏​စ​ကား​ကို​နား ထောင်​ကြ​လော့။ သူ​တို့​ပြော​သည့်​အ​တိုင်း​ပြု ကြ​လော့။ သူ​တို့​သည်​မိ​မိ​တို့​ပြု​သည့်​အ​မှု ကို​ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ရ​မည် ဖြစ်​၍ သင်​တို့​၏​စိတ်​ဝိ​ညာဉ်​ကို​နေ့​ရော​ည ပါ​ကြည့်​ရှု​စောင့်​ရှောက်​လျက်​နေ​ကြ​ပေ သည်။ သင်​တို့​သည်​သူ​တို့​စ​ကား​ကို​နား ထောင်​ပါ​လျှင် သူ​တို့​ရွှင်​လန်း​ဝမ်း​မြောက် စွာ​လုပ်​ဆောင်​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင် သူ​တို့​ဝမ်း​နည်း​ရ​ကြ​သ​ဖြင့်​သင်​တို့ တွင်​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ​လိမ့်​မည် မ​ဟုတ်။


သင်​တို့​အား​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို ဟော​ပြော​ခဲ့​သော​သင်​တို့​၏​ခေါင်း​ဆောင်​များ ကို​သ​တိ​ရ​ကြ​လော့။ သူ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​သည်၊ အ​ဘယ်​သို့​သေ​လွန်​သွား ကြ​သည်​ကို​ဆင်​ခြင်​စဉ်း​စား​ကြ​ပြီး​နောက် သူ​တို့​ယုံ​ကြည်​ခြင်း​ကို​အ​တု​ယူ​ကြ​လော့။-


ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ