ကောလောသဲ 3:25 - Common Language Bible25 ဒုစရိုက်သမားသည်ထိုက်သင့်သောအပြစ်ဒဏ် ကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်တရားစီရင်ရာတွင်မျက်နှာကြီး ငယ်လိုက်တော်မမူသောကြောင့်ဖြစ်သည်။ အခန်းကိုကြည့်ပါ။Judson Bible25 မတရားသောအမှုကို ပြုသောသူမည်သည်ကား၊ မိမိပြုသောအမှု၏ အကျိုးအပြစ်ကို ခံရလိမ့်မည်။ အဘယ်သူ၏ မျက်နှာကို မှတ်တော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 မတရားမှုပြုသောသူမူကား မိမိပြုသောမတရားမှု၏အကျိုးကို ခံစားရလိမ့်မည်။ ဤတွင် မျက်နှာလိုက်ခြင်းမရှိ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ဘုရားသခင်သည် မျက်နှာလိုက်တော်မမူတတ်သောကြောင့် မတရားမှုကို လုပ်ဆောင်သောသူတို့သည် မတရားမှု၏ အကျိုးဆက်ကို ပြန်လည်ခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားအပေါင်းတို့နှင့်အရှင်သခင်အပေါင်း တို့၏အထွတ်အထိပ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားသည်ကြီးမြတ်၍တန်ခိုးတော်နှင့်ပြည့် စုံသောဘုရား၊ ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားဖြစ်တော်မူ၏။ လူကဲ့သို့မျက်နှာ လိုက်ခြင်းတံစိုးလက်ဆောင်စားခြင်းရှိတော် မမူ။-
ထို့အပြင်လူခပ်သိမ်းတို့အားမျက်နှာကြီး ငယ်မလိုက်ဘဲသူတို့၏အကျင့်အလျောက် တရားစီရင်တော်မူတတ်သောဘုရားသခင် ထံသို့ဆုတောင်းပတ္ထနာပြုသောအခါ သင် တို့သည်ကိုယ်တော်အားအဖဟုခေါ်လျက် ဆုတောင်းပတ္ထနာပြုကြ၏။ သို့ဖြစ်၍ဤ လောကတွင်အသက်ရှင်သမျှကာလပတ် လုံးထိုအရှင်အားကြောက်ရွံ့ရိုသေကြ လော့။-
အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-