ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
ယေရမိ 6:23 - Common Language Bible သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။'' Garrad Bible ရက် စက် သော သ ဘော၊ က ရု ဏာ ကင်း သော သ ဘော ရှိ သည့် အ လျောက်၊ လေး၊ လှံ လက် နက် စွဲ ကိုင် လျက်၊ လှိုင်း တံ ပိုး သံ သ ဖွယ် မြင်း အ လုံး အ ရင်း စီး လာ ကြ ရာ၊ သ တို့ သ မီး ဇိ အုန် ဖြစ် သော သင့် ကို စစ် တိုက် ကြ ရန်၊ သူ ရဲ ကောင်း ဘာ ဝ၊ အ သီး အ သီး တို့ ခင်း ကျင်း ကြ သည် တ ကား ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။ |
ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
တန်ခိုးကြီးမားသည့်နိုင်ငံများသည် ပင်လယ် မြည်ဟည်းသံ၊ လှိုင်းလုံးကြီးများရိုက်ပုတ် သံကဲ့သို့သောအသံနှင့်ထကြွသောင်း ကျန်းလျက်ရှိကြ၏။-
ငါသည်အီဂျစ်အမျိုးသားတို့အားရက်စက် ကြမ်းကြုတ်သူမင်းဆိုးမင်းညစ်တစ်ပါး၏ လက်သို့အပ်၍ ထိုမင်းကိုသူတို့အားအုပ်စိုး စေမည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဘေး အန္တရာယ်ဆိုးသည် တစ်နိုင်ငံပြီးတစ်နိုင်ငံ သို့ကူးစက်၍လာလိမ့်မည်။ လေမုန်တိုင်းကြီး သည်ကမ္ဘာမြေကြီးစွန်းမှတိုက်ခတ်လာလိမ့် မည်'' ဟုမိန့်တော်မူ၏။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သင်တို့၏ချစ်ခင်သူများသည်သင်တို့အား မေ့ပျောက်၍ သွားကြလေကုန်ပြီ။ သူတို့သည်ဂရုမစိုက်ကြတော့ပေ။ သင်တို့အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည် ကြီးမားလှသဖြင့် ငါသည်ရန်သူသဖွယ်သင်တို့အားဒဏ်ရာရ စေခဲ့၏။ သင်တို့ခံရသည့်အပြစ်ဒဏ်သည်ပြင်းထန်၏။
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
မြင်းစီးသူရဲများနှင့်လေးသမားတို့၏ အသံကို ကြားသောအခါ လူအပေါင်းတို့သည်ထွက်ပြေးကြလိမ့်မည်။ အချို့သောသူတို့သည်သစ်တောထဲသို့လည်း ကောင်း၊ အချို့တို့သည်ကျောက်ဆောင်များပေါ် သို့လည်းကောင်း၊ထွက်ပြေးကြလိမ့်မည်။ မြို့အပေါင်းတို့သည်အထီးတည်းကျန် ရစ်လျက် လူသူဆိတ်ငြိမ်ရာဖြစ်၍နေလိမ့်မည်။
သူတို့၏လေးသမားတို့သည်ခွန်အားကြီး၍ ပွင့်နေသောသင်္ချိုင်းကဲ့သို့မညှာမတာသတ်တတ်ကြ၏။-
``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။ ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။ ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။
သူတို့သည်မိမိတို့လေးများနှင့်ဋ္ဌားများကို ကိုင်စွဲကြလေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ ကရုဏာကင်းမဲ့သူများဖြစ်ပေသည်။ သူတို့၏မြင်းခွာသံများသည်ပင်လယ်ရေ မြည်ဟီးသံနှင့်တူ၏။ သူတို့သည်ဗာဗုလုန်မြို့ကိုတိုက်ရန် အသင့်ရှိကြလေပြီ။
သူတို့က``ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြလော့။ မွန်းတည့်ချိန်၌ ငါတို့တိုက်ခိုက်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ ရာတွင်သူတို့က ``ကနေ့အချိန်ကုန်လွန် တော့မည်။ ညနေစောင်းကျချိန်ရောက်ပြီ ဖြစ်၍ယခုနောက်ကျသွားပေပြီ။-
ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-