ယေရမိ 50:41 - Common Language Bible41 ``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။ ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။ ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible41 တန် ခိုး ကြီး သော လူ မျိုး သည်၊ ဘု ရင် မင်း အ မြောက် အ မြား ပါ၊ နှိုး ဆော် တော် မူ ခြင်း ခံ လျက်၊ မြောက် ပိုင်း မြေ စွန်း မှ ချီ လာ၍၊ အခန်းကိုကြည့်ပါ။Judson Bible41 ကြည့်ရှုလော့။ လူမျိုးတစ်မျိုးသည် မြောက်မျက်နှာမှလာ၏။ ကြီးစွာသောလူမျိုးနှင့် များစွာသော ရှင်ဘုရင်တို့သည် မြေကြီးစွန်းတို့မှ ပေါ်လာကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း41 ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာပြီ။ မြေကြီးစွန်းမှ လူမျိုးကြီးနှင့် ကြီးမြတ်သောရှင်ဘုရင်တို့ ထကြွကြပြီ။ အခန်းကိုကြည့်ပါ။ |
ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-