သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
ယေရမိ 51:11 - Common Language Bible ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။- Garrad Bible ဗိ မာန် တော် အ တွက်၊ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ခြင်း ဖြစ် သည် နှင့်၊ ဗာ ဗု လုန် မြို့ ကို ဖျက် ဆီး ရန် ပြ ဋ္ဌာန်း သော ကြောင့် မေ ဒိဘု ရင် ၏ သ ဘော ကို ဆော် ဩ တော် မူ သည့် အ လျောက်၊ မြှား များ ကို တိုက် ပွတ် လျက်၊ ဒိုင်း လွှား များ ကို စွဲ ကိုင် ကြ လော့။ Judson Bible မြားတို့ကို ပွတ်ကြလော့။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြလော့။ ထာဝရဘုရားသည် မေဒိရှင်ဘုရင်တို့ကို နှိုးဆော်တော်မူပြီ။ ဗာဗုလုန်မြို့ကို ဖျက်ဆီးမည် အကြံရှိတော်မူ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏အမျက်တော်ကိုဖြေခြင်း၊ ဗိမာန်တော်ကို ဖျက်ဆီးသော အပြစ်နှင့်အလျောက် ဒဏ်ပေးခြင်းအမှု ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း မြားတို့ကို ချွန်ထက်စေကြ။ ဒိုင်းလွှားတို့ကို ကိုင်စွဲကြ။ ထာဝရဘုရားသည် ဘေဘီလုံမြို့ကို ဖျက်ဆီးပစ်ရန် အကြံရှိတော်မူသည်ဖြစ်၍ မေဒိဘုရင်တို့၏စိတ်ကို နှိုးဆော်တော်မူပြီ။ ထာဝရဘုရား လက်တုံ့ပြန်တော်မူပြီ။ ဗိမာန်တော်အဖို့ လက်တုံ့ပြန်တော်မူပြီ။ |
သို့ဖြစ်၍ထာဝရဘုရားသည် ဧဒုံမင်းမျိုးနွယ် တစ်ဦးဖြစ်သူဟာဒဒ်အား ရှောလမုန်ကိုပုန်ကန် စေတော်မူ၏။-
ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
ပေရသိဘုရင်ကုရု နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ့အား အမိန့်တော်တစ်ရပ်ထုတ်ဆင့်စေတော်မူ၍သူ ၏အင်ပါယာနိုင်ငံတစ်ဝန်းလုံးတွင်ဖတ်ကြား ကြေညာစေတော်မူ၏။ ဤသို့ပြုတော်မူခြင်း မှာပရောဖက်ယေရမိအားဖြင့်ထာဝရ ဘုရားပေးတော်မူသောဗျာဒိတ်တော်အတိုင်း ဖြစ်ပျက်လာစေရန်ပင်ဖြစ်သတည်း။
ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။
အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-
ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
``ငါသည်အရှေ့ပြည်သားတစ်ဦးကို ရွေးချယ်ထားလေပြီ။ သူ့အားခေါ်ဆောင်ကာအရှေ့အရပ်မှနေ၍ တိုက်ခိုက်စေမည်။ အိုးထိန်းသည်ရွှံ့စေးကိုခြေဖြင့်နင်းချေ သကဲ့သို့ သူသည်ပြည်ရှင်မင်းတို့အား နင်းချေပစ်လိမ့်မည်။
ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား
``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။
ငါသည်အရှေ့အရပ်မှလူတစ်ဦးကိုခေါ် ယူမည်။ သူသည်စွန်ရဲကဲ့သို့ထိုးဆင်းလာပြီးလျှင် ငါကြံစည်ထားသည့်အမှုတို့ကိုဆောင်ရွက် ပေးလိမ့်မည်။ ဤကားငါမြွက်ဆိုသည့်စကားဖြစ်၍ဤ အတိုင်း ဖြစ်ပျက်ရလိမ့်မည်။
``အီဂျစ်တပ်မှူးတို့က`သင်တို့၏ဒိုင်းလွှား များကို အသင့်ပြင်ဆင်ကာတိုက်ပွဲသို့ဝင်ကြလော့''
သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။
မြင်းများတို့တက်ကြလော့။ ရထားများတို့၊အပြင်းနှင်ကြလော့။ ဒိုင်းလွှားကိုင်ဆောင်သူဆူဒန်ပြည်သားနှင့် လစ်ဗျားပြည်သားတို့လုဒပြည်သားလေး သည်တော် အစရှိသည့် စစ်သည်တော်တို့ထွက်သွားကြလော့' ဟုဆို၏'' ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။
ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-
``မြောက်အရပ်မှလူမျိုးတစ်ရပ်သည်ဗာဗုလုန် မြို့ကိုတိုက်ခိုက်ရန်ချီတက်လာပြီးလျှင် ထိုမြို့ ကိုသဲကန္တာရဖြစ်စေကြလိမ့်မည်။ လူနှင့်တိရစ္ဆာန် များထွက်ပြေးကြမည်ဖြစ်၍ထိုအရပ်သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
သို့ဖြစ်၍ဗာဗုလုန်မြို့အတွက်ငါပြုလုပ် ထားသည့်အကြံအစည်ကိုလည်ကောင်း၊ မြို့ သူမြို့သားများအတွက်ငါကြံစည်ထား သည့်အမှုအရာကိုလည်းကောင်းနားထောင် ကြလော့။ ရန်သူသည်သူတို့၏သားသမီး များကိုပင်လျှင်ဒယဥ့်တိုက်ဆွဲ၍ခေါ်ဆောင် သွားလိမ့်မည်။ တွေ့မြင်ရသူအပေါင်းတို့ သည်လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။-
ငါသည်မြောက်အရပ်ရှိခွန်အားကြီးမား သည့်နိုင်ငံများကိုလှုံ့ဆော်ကာ ဗာဗုလုန်မြို့ ကိုတိုက်ခိုက်စေမည်။ သူတို့သည်စစ်ရေးစစ် ရာခင်းကျင်းလျက်ထိုမြို့ကိုတိုက်ခိုက်သိမ်း ယူကြလိမ့်မည်။ သူတို့သည်ပစ်မှတ်ကိုအစဉ် ထိမှန်အောင်ပစ်ခတ်နိုင်သူမုဆိုးကျော် များကဲ့သို့မိမိတို့လေးများကိုပစ်ခတ် တတ်ကြ၏။-
ဗာဗုလုန်မြို့ရိုးတို့ကိုတိုက်ခိုက်ရန်အချက် ပေးကြလော့။ သင်တို့၏အစောင့်တပ်ကိုအား ဖြည့်ကြလော့။ ကင်းလုလင်တို့ကိုနေရာယူ စေကြလော့။ ခြုံခိုတိုက်ခိုက်မည့်တပ်သား တို့ကိုချထားကြလော့'' ဟုအမိန့်ပေး ကြ၏။ ထာဝရဘုရားသည်မိမိကြံစည်ထားတော် မူသည်အတိုင်း၊ ဗာဗုလုန်ပြည်သားတို့အား မိမိကြိမ်းမောင်းထားသည်နှင့်အညီပြု တော်မူလေပြီ။-
ထာဝရဘုရားက``ဇိအုန်မြို့အားဗာဗုလုန် မြို့သူမြို့သားတို့ပြုကျင့်ခဲ့သည့်ဒုစရိုက် မကောင်းမှုများအတွက် ငါလက်စားချေ သည်ကိုသင်တို့တွေ့မြင်ရကြလိမ့်မည်။-
``ငါတို့ခံရသည့်အကြမ်းဖက်မှုများ အတွက် ဗာဗုလုန်မြို့တွင် တာဝန်ရှိစေသတည်း'' ဟုဇိအုန်မြို့သားတို့ ပြောဆိုကြစေ၏။ ``ငါတို့ခံစားရသည့်ဘေးဒုက္ခများအတွက် ဗာဗုလုန်မြို့တွင်တာဝန်ရှိစေသတည်း''ဟု ယေရုရှလင်မြို့သားတို့ပြောဆိုကြစေ။
သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
`သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊ တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။ အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
``လူမျိုးတကာတို့အား`စစ်တိုက်ရန်အသင့် ပြင်ကြလော့။ စစ်သူရဲတို့ကိုခေါ်ယူကြလော့။ စစ်သည်တပ်သားများကိုစုရုံး၍ချီတက် ကြလော့' ဟုပြောကြားကြေညာကြလော့။
သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-