Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 50:45 - Common Language Bible

45 သို့​ဖြစ်​၍​ဗာ​ဗု​လုန်​မြို့​အ​တွက်​ငါ​ပြု​လုပ် ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်​ကောင်း၊ မြို့ သူ​မြို့​သား​များ​အ​တွက်​ငါ​ကြံ​စည်​ထား သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း​နား​ထောင် ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏​သား​သ​မီး များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက်​ဆွဲ​၍​ခေါ်​ဆောင် သွား​လိမ့်​မည်။ တွေ့​မြင်​ရ​သူ​အ​ပေါင်း​တို့ သည်​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

45-46 သိုး သား ငယ် သ ဖွယ် ဖြစ် သော ထို လူ မျိုး ကို ရန် သူ တို့ ဆွဲ ငင် သ ဖြင့်၊ နေ ရာ အ ရပ် ကို အံ့ ဖွယ် သ ရဲ မု ချ ဖြစ် စေ မည်။ ဗာဗု လုန် မြို့ ကို သိမ်း ယူ ပြီ ဟူ သော သ တင်း ကြောင့်၊ မြေ ပ ထ ဝီ လှုပ် ရှား လျက်၊ လူ မျိုး ခြား တို့ တွင် အော် ဟစ် သံ ကို ကြား ရ သည် တ ကား ဟု၊ ဗာ ဗု လုန် မြို့ နှင့် ခါ လ ဒဲ ပြည် အ ပေါ် တွင်၊ ငါ ထာ ဝ ရ ဘု ရား ကြံ စည် ပြ ဋ္ဌာန်း တော် မူ ချက် ကို နာ ခံ ကြ လော့ ဟူ၍ မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

45 သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ၊ ခါ​လ​ဒဲ​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော အ​ကြံ​အ​စည်​တို့​ကို နား​ထောင်​ကြ​လော့။ အ​ကယ်​စင်​စစ် ရန်​သူ​သည် အား​မ​ရှိ​သော​ထို​သိုး​တို့​ကို လု​ယက်​လိမ့်​မည်။ အ​ကယ်​စင်​စစ် သူ​တို့​ရှိ​ရာ​သို့ လာ၍၊ ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

45 ထို့ကြောင့် ဘေဘီလုံ​မြို့​ကို​ဆန့်ကျင်​၍ ထာဝရဘုရား ကြံစည်​ထား​သော​အကြံအစည်​၊ ခါလဒဲ​ပြည်သား​တို့​ကို​ဆန့်ကျင်​၍ ရည်ရွယ်​ထား​သော​ရည်ရွယ်​ချက်​တို့​ကို နားထောင်​ကြ​လော့​။ အကယ်စင်စစ် ရန်သူ​သည် သူ​တို့​၏​သိုးငယ်လေး​များ​ကို ဆွဲခေါ်​သွား​ကြ​မည်​။ အကယ်စင်စစ် သူ​တို့​ကြောင့် စားကျက်မြေ​များ ဖျက်ဆီး​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:45
9 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​တို့​အား​တိုက်​ခိုက် လျက်​ရှိ​သည့်​ဗာ​ဗု​လုန်​တပ်​မ​တော်​တစ်​ခု​လုံး ကို​နှိမ်​နင်း​နိုင်​၍ ဒဏ်​ရာ​ရ​သူ​များ​သာ​လျှင် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​ကျန်​ရှိ​တော့​သည်​ဟု ဆို​စေ​ကာ​မူ ထို​သူ​တို့​သည်​ထ​၍​ဤ​မြို့​ကို မီး​ရှို့​ပစ်​ကြ​လိမ့်​မည်' ဟု​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-


ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-


ခပ်​သိမ်း​သော​အ​ရာ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​ကြံ​အ​စည်​တော်​နှင့်​အ​ညီ​ကိုယ်​တော်​စီ​ရင် ဆုံး​ဖြတ်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​ပျက်​ကြ ရ​၏။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အ​လို​တော် အ​ရ​ရှေး​မ​ဆွ​က ပြု​တော်​မူ​သည့်​စီ​ရင် ဆုံး​ဖြတ်​ချက်​ကို​အ​ခြေ​ခံ​၍ ငါ​တို့​အား ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ လျက် မိ​မိ​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်​ရွေး ချယ်​တော်​မူ​ပေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ