ဧဇရ 1:1 - Common Language Bible1 ပေရသိဘုရင်ကုရုသည်ဧကရာဇ် မင်းအဖြစ်နန်းစံပထမနှစ်၌ထာဝရဘုရားသည် သူ၏စိတ်ကိုနှိုးဆော်တော်မူသဖြင့် အင်ပါယာနိုင်ငံတစ်လျှောက်လုံးတွင်ကြေညာရန်အမိန့်စာထုတ်ပြန်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသည့်ဗျာဒိတ်တော်နှင့်အညီ ဖြစ်ပျက်လာစေရန်ပင်ဖြစ်ပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ယေ ရ မိ ဆင့် ဆို သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ပြည့် စုံ စေ ခြင်း ငှာ၊ ပေ ရ သိ ဘု ရင် ကု ရု မင်း နန်း စံ တစ် နှစ် တွင်၊ ထို ဘုရင့် စိတ် ကို ထာ ဝ ရ ဘု ရား နှိုး ဆော် တော် မူ သ ဖြင့်၊ ပေ ရ သိ နိုင် ငံ တစ် လျှောက် ဖတ် ရွတ် ကြော် ငြာ စေ သော အ မိန့် တော် ကား၊ အခန်းကိုကြည့်ပါ။Judson Bible1 ယေရမိဆင့်ဆိုသော ထာဝရဘုရား၏ အမိန့်တော်ကို ပြည့်စုံစေခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုနန်းစံ ပထမနှစ်တွင်၊ ထာဝရဘုရား နှိုးဆော်တော်မူသောအားဖြင့်၊ ထိုရှင်ဘုရင်သည် အမိန့်တော်စာကို ထုတ်ပြီးလျှင်၊ ပေရသိနိုင်ငံအရပ်ရပ်တို့၌ ကြော်ငြာစေ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-
ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
ထိုစာလိပ်တွင်``ကုရုဘုရင်သည်မိမိနန်းစံပထမနှစ်၌ယဇ်များကိုပူဇော်ရန်နှင့် ပူဇော်သကာများကိုမီးရှို့ရန်ဌာနတော်အဖြစ်ဖြင့် ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရမည်ဟုအမိန့်တော်ရှိ၏။ ဗိမာန်တော်သည်အမြင့်ပေကိုးဆယ်နှင့်အချင်းပေကိုးဆယ်ရှိရမည်။-
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
ကုရုဘုရင်သည်ထာဝရဘုရားရွေးချယ် ပေးတော်မူသောသူဖြစ်ပါသည်တကား။ ထာဝရဘုရားသည်လူမျိုးတကာတို့ကို နှိမ်နင်းအောင်မြင်ရန်သူ့အားခန့်ထားတော် မူ၏။ ကိုယ်တော်သည်ပြည်ရှင်မင်းတို့၏တန်ခိုး အာဏာကို ရုပ်သိမ်းရန်သူ့အားစေလွှတ်တော်မူပြီ။ ထာဝရဘုရားသည်သူ့အတွက်မြို့တံခါး များကို ဖွင့်ပေးတော်မူမည်။ ထာဝရဘုရားကကုရုဘုရင်အား