ဇာခရိ 14:12 - Common Language Bible12 ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ယေ ရု ရှ လင် မြို့ ကို တိုက် ခိုက် သော လူ အ မျိုး မျိုး တို့၌ ထာ ဝ ရ ဘု ရား သင့် စေ တော် မူ သည့် ဘေး ဒဏ် ဟူ မူ ကား၊ ခြေ စုံ ရပ် လျက် ပင် အ သား ကွက် ခြင်း၊ မျက် ကွင်း၌ မျက် လုံး ကွက် ခြင်း၊ ခံ တွင်း၌ လျှာ ကွက် ခြင်း များ တည်း။ အခန်းကိုကြည့်ပါ။Judson Bible12 ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက်လိမ့်မည်။ မျက်အိမ်၌ မျက်လုံး လျော့ပျက်လိမ့်မည်။ လျှာသည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဂျေရုဆလင်မြို့ကို တိုက်ခိုက်သောလူမျိုးအပေါင်းတို့အား ထာဝရဘုရားဒဏ်ခတ်မည့်ကပ်ရောဂါကား သူတို့သည် ခြေစုံရပ်လျက်နေစဉ်ပင် အသားအရေပုပ်ပျက်သွားလိမ့်မည်။ သူတို့၏မျက်စိသည်လည်း မျက်လုံးအိမ်ထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ သူတို့၏လျှာသည်လည်း ခံတွင်းထဲ၌ပင် ပုပ်ပျက်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့တွင်ကူးစက် တတ်သောဖောရောင်၍ဖျားသောရောဂါ များကျရောက်စေလိမ့်မည်။ မိုးခေါင်ခြင်း၊ လေပူတိုက်ခတ်ခြင်းဒဏ်တို့ကြောင့်သင် တို့၏အသီးအနှံများလည်းပျက်စီး ရလိမ့်မည်။ သင်တို့သေကြေပျက်စီးသည့် တိုင်အောင် ဤဘေးဒုက္ခများနှင့်တွေ့ကြုံ ရလိမ့်မည်။-
ငါသည်သင်တို့အားဒဏ်ခတ်မည်။ ကုသ၍မရ နိုင်သောရောဂါဝေဒနာကိုလည်းကောင်း၊ မျက်စိ ကွယ်ခြင်း၊ အားအင်ကုန်ခန်းခြင်းကိုဖြစ်စေ သောရောဂါဝေဒနာကိုလည်းကောင်း သင်တို့ အားခံစားစေမည်။ သင်တို့သည်အသီးအနှံ များကိုစိုက်ပျိုးသော်လည်း အကျိုးကျေးဇူး ခံစားရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူများသည် သင်တို့ကိုတိုက် ခိုက်အောင်မြင်၍သင်တို့စိုက်ပျိုးသော အသီးအနှံများကိုစားကြမည်ဖြစ် သောကြောင့်တည်း။-
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-