အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
ယေရမိ 50:6 - Common Language Bible ``ငါ၏လူစုတော်သည်တောင်များပေါ်တွင် သိုးထိန်းတို့ကလမ်းလွဲစေသည့်သိုးများ နှင့်တူကြ၏။ သူတို့သည်တစ်တောင်တက် တစ်တောင်ဆင်းသွားလာကာ မိမိတို့သိုးခြံ ကိုမေ့လျော့သွားသည့်သိုးများကဲ့သို့ လှည့်လည်သွားလာခဲ့ကြလေပြီ။- Garrad Bible ငါ၏ လူ မျိုး သည် ပျောက် သွား သော သိုး အုပ် ဖြစ် ၏။ အ ထိန်း အ ကျောင်း တို့ လမ်း လွဲ စေ သ ဖြင့်၊ တောင် တန်း သို့ လှည့် သွား လျက်၊ ဝပ် နေ ရာ အ ရပ် ကို မေ့ လျော့ ၍၊ တစ် တောင် မှ တစ် ကုန်း သို့ သွား လေ့ ရှိ ကြ ၏။ Judson Bible ငါ၏လူတို့သည် ပျောက်သောသိုးဖြစ်ကြပြီ။ သိုးထိန်းတို့သည် တောင်များပေါ်မှာ လမ်းလွဲစေကြပြီ။ သူတို့သည် တောင်တစ်လုံးမှတစ်လုံးသို့ လမ်းလွဲသွား၍၊ ငြိမ်ဝပ်သောအရပ်ကို မေ့လျော့ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်သည် ပျောက်သောသိုးဖြစ်ကြပြီ။ သူတို့ကိုထိန်းကျောင်းသောသိုးထိန်းတို့သည် သူတို့ကိုလမ်းလွဲစေပြီ။ တောင်များပေါ်တွင် တလည်လည်ဖြစ်စေပြီ။ သူတို့၏နားနေရာကို မမှတ်မိတော့ဘဲ တစ်တောင်မှတစ်တောင် တစ်ကုန်းမှတစ်ကုန်းသို့ လှည့်လည်သွားလာနေရလေပြီ။ |
အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
ကွန်တော်မျိုးသည်ပောက်သွားသောသိုးကဲ့သို့ လမ်းမှားလက်ရှိပါ၏။ သို့ဖြစ်၍ကြွတော်မူလက်ကိုယ်တော်ရှင်၏ အစေခံကွန်တော်မျိုးအား ရှာတော်မူပါ။ ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ပညတ်တော်တို့ကိုမမေ့မလော့ပါ။
ကိုယ်တော်သည်ငါ့အားစိမ်းလန်းသော စားကျက်များတွင်နားနေစေတော်မူ၏။ ဆိတ်ငြိမ်ရာမြစ်ချောင်းများသို့ လမ်းပြပို့ဆောင်တော်မူ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားဒုက္ခမှကယ်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ရှောက်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်အကြောင်းကို အသံကျယ်စွာသီချင်းဆိုပါမည်။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ကာလအစဉ်အဆက် ကျွန်တော်မျိုးတို့၏ခိုလှုံရာဖြစ်တော်မူပါ၏။
ထာဝရဘုရားထံတော်သို့ခိုလှုံရန် ချဉ်းကပ်သူသည်လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ကွယ်ကာစောင့်ထိန်းမှုကို ခံယူသူသည်လည်းကောင်း၊
ကျွဲနွားများသည်မိမိတို့ပိုင်ရှင်ကိုသိကြ၏။ မြင်းများသည်လည်းမိမိတို့သခင်၏မြင်းစောင်း၊ မိမိတို့သခင်အစာကျွေးရာအရပ်တို့ကိုသိကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့မူကား ထိုမျှပင်မသိကြ။ သူတို့သည်အသိပညာခေါင်းပါးကြပါသည်တကား'' ဟုမိန့်တော်မူပါ၏။
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။ သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
ကိုယ်တော်၏လူမျိုးတော်အားဖျက်ဆီး၍ကွဲ လွင့်စေသည့်မင်းစိုးရာဇာများအပေါ်သို့ ထာ ဝရဘုရားချမှတ်တော်မူမည့်တရားစီရင် ချက်သည်အဘယ်မျှကြောက်လန့်ဖွယ်ကောင်း လိမ့်မည်နည်း။-
တောင်ထိပ်များအပေါ်၌ဝတ်ပြုကိုးကွယ် ခြင်းအားဖြင့် အကျွန်ုပ်တို့အကူအညီမရ ပါ။ ဣသရေလအတွက်အကူအညီကို အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား ထံတော်၌သာလျှင်ရရှိနိုင်ပါ၏။-
ယောရှိမင်းလက်ထက်၌ ထာဝရဘုရားက ငါ့ကို``ထိုသစ္စာမဲ့သည့်အမျိုးသမီးဣသ ရေလသည် ငါ့အားမည်သို့စွန့်ပစ်၍သွား သည်ကိုသင်မြင်ပြီလော။ သူသည်တောင်မြင့် မှန်သမျှအပေါ်တွင်လည်းကောင်း၊ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင်လည်း ကောင်း ပြည့်တန်ဆာအလုပ်ကိုလုပ်၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``လူနှင့် တိရစ္ဆာန်ကင်းမဲ့၍သဲကန္တာရနှင့်တူသော ဤ ပြည်တွင်သိုးကျောင်းသားတို့သိုးများကို ထိန်းကျောင်းရာစားကျက်များရှိလာလိမ့် ဦးမည်။-
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခြင်္သေ့များကိုက်သဖြင့် ကွဲလွင့်သွား သည့်သိုးများနှင့်တူကြ၏။ ဦးစွာပထမ အာရှုရိဘုရင်သည်သူတို့အားတိုက်ခိုက်၏။ ထိုနောက်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကသူတို့၏အရိုးများကိုတတိတိကိုက် ဖဲ့လေသည်။-
ဣသရေလပြည်သားတို့အားမိမိတို့ ပြည်သို့ငါပြန်လည်ပို့ဆောင်မည်။ သူတို့ သည်ကရမေလတောင်ထိပ်နှင့်ဗာရှန်ဒေသ တွင်စိုက်ပျိုးသည့်အသီးအနှံများကိုစား ရကြလိမ့်မည်။ ဧဖရိမ်နှင့်ဂိလဒ်နယ်မြေ များတွင်ပေါက်ရောက်သမျှသောအသီး အနှံများကိုအဝစားရကြလိမ့်မည်။-
``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
ထိုအခါကိုယ်တော်က ``ငါသည်ပျောက်နေသော သိုးစုဖြစ်သည့်ဣသရေလအမျိုးသားများအတွက် သာလျှင်လာရောက်ခြင်းဖြစ်သည်'' ဟုဖြေကြား တော်မူ၏။
လူပရိသတ်တို့သည်သိုးထိန်းမဲ့သည့်သိုးများ ကဲ့သို့အားကိုးစရာမရှိ၊ ပူပင်သောကရောက် လျက်နေကြသည်ကိုမြင်တော်မူလျှင်သူတို့အား သနားကြင်နာတော်မူ၏။-
သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။