ယေဇကျေလ 34:15 - Common Language Bible15 ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သိုး ဆိတ် များ ကို ကိုယ် တိုင် ထိန်း ကျောင်း ၍၊ အခန်းကိုကြည့်ပါ။Judson Bible15 ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်း ငါပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို ကျွေးမွေးစောင့်ရှောက်မည်။ ငါကိုယ်တိုင် သူတို့ကို စိမ်းလန်းသောအရပ်တွင် လဲလျောင်းစေမည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
အသက်မသေဘဲကျန်ရှိနေသည့်ဣသ ရေလပြည်သားတို့သည်အဘယ်သူကို မျှပြစ်မှားကြလိမ့်မည်မဟုတ်။ မုသား စကားပြောဆိုမှုကိုသော်လည်းကောင်း၊ လိမ်လည်လှည့်စားရန်ကြိုးစားမှုကိုသော် လည်းကောင်းပြုကြလိမ့်မည်မဟုတ်။ သူ တို့သည်ကောင်းစားကြလိမ့်မည်။ အဘယ် သူကိုမျှမကြောက်မလန့်ရဘဲ ဘေးမဲ့ လုံခြုံစွာနေရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။-