ယေဇကျေလ 34:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို ကျွေးမွေးစောင့်ရှောက်မည်။ ငါကိုယ်တိုင် သူတို့ကို စိမ်းလန်းသောအရပ်တွင် လဲလျောင်းစေမည်။ အခန်းကိုကြည့်ပါ။Common Language Bible15 ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သိုး ဆိတ် များ ကို ကိုယ် တိုင် ထိန်း ကျောင်း ၍၊ အခန်းကိုကြည့်ပါ။Judson Bible15 ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ အိပ်ရာကိုလည်း ငါပေးမည်။ အခန်းကိုကြည့်ပါ။ |
ထိုသို့ နံနက်စာကို သူတို့စားကြပြီးသောအခါ ယေရှုက ရှိမုန်ပေတရုအား“ယောဟန်၏သားရှိမုန်၊ ဤသူတို့ငါ့ကိုချစ်သည်ထက် သင်သည် ငါ့ကိုပို၍ချစ်သလော”ဟု မေးတော်မူ၏။ ပေတရုက “ဟုတ်ပါ၏ သခင်ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်ခင်ကြောင်း ကိုယ်တော်သိပါ၏”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့”ဟု မိန့်တော်မူ၏။