ယေရမိ 2:20 - Common Language Bible20 အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible20 သင် သည် အ ရပ် ရပ် ရှိ မြင့် လှ သော တောင် ပေါ်၊ စိမ်း လန်း သော သစ် ပင် အောက် များ ၌၊ ပြည် တန် ဆာ လုပ် လျက် ပျပ် ဝပ် လေ့ ရှိ သည် နှင့် အ ညီ ထမ်း သင့် သော ထမ်း ပိုး ကို ချိုး ခြင်း၊ ဖွဲ့ ကြိုး ကို ဖြတ် ခြင်း များ ကို၊ ရှေး ကာ လ ပြု လျက်၊ ငါ အ စေ ခံ မည် မ ဟုတ် ဟု ငြင်း ဆို ခဲ့ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible20 ရှေးကာလ၌ သင်ထမ်းရသောထမ်းပိုး၊ သင်၌ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲနေပါမည်ဟု ကတိထားသော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း၊ ကိုယ်ကိုချ၍ ပြည့်တန်ဆာလုပ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 “ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။ အခန်းကိုကြည့်ပါ။ |
တောင်ကုန်းများပေါ်ရှိစိမ်းလန်းသည့်သစ်ပင် မှန်သမျှတို့၏အနီး၌လည်းကောင်း၊ တောင် ထိပ်များပေါ်၌လည်းကောင်း၊ အာရှရနတ် သမီးအတွက်စိုက်ထူထားသည့်တံခွန်တိုင် များယဇ်ပလ္လင်များကို သင်တို့၏သားသမီး များပင်ကိုးကွယ်ကြပေသည်။ သင်တို့သည် မိမိတို့၏ပြည်တစ်လျှောက်လုံးတွင်ကူး လွန်ခဲ့သည့်အပြစ်များကြောင့် သင်တို့၏ စည်းစိမ်ဥစ္စာရွှေငွေရတနာများကို သင် တို့ဝတ်ပြုကိုးကွယ်ကြသည့်မြင့်သော တောင်ကုန်းများနှင့်အတူရန်သူတို့အား ငါသိမ်းယူစေမည်။-
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။-
ထိုအခါသူတို့သည်ထာဝရဘုရားအား ကူမတော်မူရန် ဟစ်အော်လျက်`အကျွန်ုပ်တို့ သည်အပြစ်ကူးလွန်မိကြပါပြီ။ ထာဝရ ဘုရားကိုစွန့်ပယ်၍ဗာလဘုရားနှင့် အာရှ တရက်ဘုရားမတို့၏ရုပ်တုများကိုဝတ် ပြုရှိခိုးခဲ့ကြပါပြီ။ အကျွန်ုပ်တို့အားရန် သူများ၏လက်မှကယ်တော်မူပါ။ အကျွန်ုပ် တို့သည်ကိုယ်တော်ကိုဝတ်ပြုကိုးကွယ်ပါ မည်' ဟုလျှောက်ထားကြ၏။-
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
အီဂျစ်အမျိုးသားတို့လက်တွင်းမှသူတို့ အားကယ်တင်ပြီးလျှင် ထိုပြည်မှထုတ်ဆောင် လျက်မြေသြဇာထက်သန်၍ကျယ်ပြန့်သော ပြည်သို့ပို့ဆောင်ရန်ငါကြွဆင်းလာပြီ။ ထို ပြည်သည်မြေသြဇာထက်သန်၍အစာရေ စာပေါကြွယ်ဝ၏။ ထိုပြည်တွင်ခါနာန်အမျိုး သား၊ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင်ကြ၏။-
ဣသရေလပြည်သူတို့၊ သင်တို့သည်ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။ ငါ သည်သင်တို့အဖို့တောကန္တာရကဲ့သို့လည်း ကောင်း၊ မှောင်အတိလွှမ်းနေသည့်ပြည်ကဲ့သို့ လည်းကောင်းဖြစ်၍နေလေပြီလော။ ယင်းသို့ မဟုတ်ပါမူသင်တို့သည်အဘယ်ကြောင့် ထင်သလိုပြုကျင့်ကာ ငါ့ထံသို့အဘယ် အခါမျှပြန်မလာဘဲနေတော့မည်ဟု ဆိုကြသနည်း။-
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ငါသည်တန်ခိုးအာဏာရှိသူတို့ထံသွား၍သူတို့အားပြောဆိုမည်။ သူတို့သည်အမှန်ပင်ထာဝရဘုရား၏အလိုတော်ကိုသိရှိကြရာ၏။ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့် စည်းမျဉ်းဥပဒေသတော်တို့ကိုသိရှိကြရာ၏'' ဟုတွေးတောမိ၏။ သို့ရာတွင်သူတို့အားလုံးပင်ထာဝရဘုရား၏ထမ်းပိုးကိုချိုးလျက် နှောင်ကြိုးများကိုလည်းဖြတ်ကြလေပြီ။
ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။-
ဣသရေလအမျိုးသားတို့သည်ဗာလ ဘုရား၊ မောဘဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိ ဘုရားတို့ကိုဝတ်ပြုကိုးကွယ်ကာထာဝရ ဘုရားအားနောက်တစ်ဖန်ပြစ်မှားကြပြန်၏။ သူတို့သည်ထာဝရဘုရားအားပစ်ပယ်၍ ကိုယ်တော်ကိုဝတ်မပြုရှိမခိုးကြတော့ချေ။-
ထာဝရဘုရားသည်ဟောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားဦးစွာ မိန့်တော်မူသည်မှာ``သင်သည်သွား၍အမျိုး သမီးတစ်ဦးနှင့်အိမ်ထောင်ပြုလော့။ သင် ၏ဇနီးသည်သစ္စာမဲ့သူဖြစ်လိမ့်မည်။ သင်၏ သားသမီးများသည်လည်းသင်၏ဇနီးကဲ့ သို့သစ္စာမဲ့သူများဖြစ်လိမ့်မည်။ ငါ၏ လူစုသည်လည်းထိုနည်းတူစွာငါ့ကို စွန့်၍သစ္စာဖောက်ကြပြီ'' ဟုမိန့်တော် မူ၏။-
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-