သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
ယေရမိ 5:9 - Common Language Bible ဤအမှုအရာများအတွက်ငါသည်သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေသင့်သလော။ ဤသို့သောပြည်သူတို့ကိုလက်စားမချေဘဲနေသင့်သလော။'' Garrad Bible ထို အ မှု များ ကြောင့်၊ ငါ မ စီ ရင် အပ် သ လော။ ထို သို့ သော လူ မျိုး ကို၊ ငါ လက် စား မ ချေ အပ် သ လော ဟု မိန့် တော် မူ ၏။ Judson Bible ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲနေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောအမှုအရာများကြောင့် ငါသည် ဒဏ်မခတ်ဘဲနေရမည်လော၊ ထိုသို့သောလူမျိုးကို ငါကိုယ်တိုင် လက်တုံ့မပြန်ဘဲနေရမည်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
သို့ဖြစ်၍တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူသည့်စကားကိုယခုနားထောင်လော့။ ကိုယ်တော်က``ငါသည်မိမိ၏ရန်သူတည်းဟူသောသင်တို့အားလက်စားချေတော်မူမည်ဖြစ်၍ သင်တို့သည်ငါ့ကိုအဘယ်သို့မျှဒုက္ခပေးနိုင်ကြတော့မည်မဟုတ်။-
ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-
ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-
ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
ငါသည်သူတို့၏စပျစ်ဥယျာဉ်များကိုရန်သူတို့အားခုတ်ပစ်စေမည်။ သို့ရာတွင်စပျစ်ပင်တို့ကိုအကုန်အစင်ဖျက်ဆီးပစ်စေလိမ့်မည်မဟုတ်။ စပျစ်ကိုင်းများသည်ငါမပိုင်မဆိုင်သဖြင့်ယင်းတို့ကိုခုတ်ထွင်ပစ်ရန်ရန်သူတို့အားငါစေခိုင်းမည်။
``သို့ရာတွင်ဤအမှုအရာများအတွက် သူတို့အားငါထာဝရဘုရားဒဏ်ပေးမည်။ ဤလူမျိုးအားငါလက်စားချေမည်။-
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ ဘုရင်တို့အားယေရုရှလင်မြို့ကိုဝိုင်းရံ ထားနိုင်ရန်သစ်ပင်များကိုခုတ်လှဲ၍ မြေ ကတုတ်များကိုဖို့စေခြင်းငှာအမိန့်ပေး တော်မူလေပြီ။ ကိုယ်တော်က``ဤမြို့သည် ညှင်းပန်းနှိပ်စက်မှုနှင့်ပြည့်နှက်လျက်ရှိ သဖြင့်ငါသည်ဤမြို့ကိုဒဏ်ခတ်မည်။-
သူတို့၏လျှာသည်အဆိပ်လူးမြားနှင့်တူ၏။ သူတို့သည်လိမ်လည်လှည့်စားသည့်စကားကို အမြဲပြောဆိုကြ၏။ လူတိုင်းပင်မိမိအိမ်နီးချင်းအားနှုတ်ချိုစွာ ပြောဆိုတတ်သော်လည်း စင်စစ်အားဖြင့်၊သူ့အတွက်ထောင်ချောက်ကို ထောင်ဖမ်းလျက်နေသည်။
ဤသို့သောအမှုတို့ကိုပြုသည့်အတွက်ငါသည် သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေရမည်လော။ ဤသို့သောလူမျိုးကိုငါသည်လက်စားမချေဘဲ နေရမည်လော။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
ဇိအုန်မြို့သည်မိမိ၏အပြစ်ကြွေးကိုပေးဆပ်မှု ပြီးဆုံးပြီ။ ကိုယ်တော်ရှင်သည်ငါတို့အားတစ်ကျွန်းတစ်နိုင်ငံတွင် ဆက်လက်ထားရှိတော့မည်မဟုတ်။ သို့ရာတွင် အို ဧဒုံပြည်၊ထာဝရဘုရားသည် သင့်အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည်။ သင်၏အပြစ်ကိုဖော်ပြတော်မူလိမ့်မည်။
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက်သင့်ကိုဒဏ်ပေးမည်။ သို့မှသာလျှင် ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ သင့်အားဒဏ်ပေးသူသည်ငါပင်ဖြစ် ကြောင်းကိုလည်းကောင်းသင်သိလိမ့်မည်'' ဟူ၍ဖြစ်၏။
သူသည်ငါ့ကိုမေ့လျော့ပြီးလျှင်ဗာလ ဘုရားအားနံ့သာပေါင်းကိုမီးရှို့ပူဇော် လျက် ရွှေငွေတန်ဆာများကိုဝတ်ဆင်၍ ချစ်သူများနောက်သို့လိုက်သည့်အခါများ အတွက်သူ့အားငါဒဏ်ခတ်မည်။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
သူတို့၏အလေ့အကျင့်များသည် သူတို့နေ ထိုင်ရာပြည်ကိုညစ်ညမ်းစေသည်။ ထို့ကြောင့် ထာဝရဘုရားသည် ထိုပြည်ကိုဒဏ်ခတ် သဖြင့်ပြည်သားတို့သည် ထိုပြည်မှနှင် ထုတ်ခြင်းခံရကြလိမ့်မည်။-
သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။
``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''