ယေရမိ 32:31 - Common Language Bible31 ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible31-32 ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် တ ကွ၊ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား များ ပါ၊ အ မျက် တော် တိုက် အောင် ပြု တတ် သော ဆိုး သွမ်း မှု ကြောင့်၊ မျက် မှောက် တော် မှ ငါ ပယ် ရှား ရ စေ ခြင်း ငှာ၊ တည် ထောင် သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဤ မြို့ သည် ငါ ၏ ဒေါ သ အ မျက် တိုက် ရာ တိုက် ကြောင်း ဖြစ် ရှာ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible31 ဣသရေလအမျိုးနှင့် ယုဒအမျိုး၏ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။ အခန်းကိုကြည့်ပါ။ |
သူသည်ဣသရေလအမျိုးသားတို့အားအပြစ် ကူးလွန်ရန် ရှေ့ဆောင်လမ်းပြသူ၊ နေဗတ်၏သား ယေရောဗောင်မင်းတည်ဆောက်ခဲ့သည့်ဗေသလ ဝတ်ပြုကိုးကွယ်ရာဌာနကိုလည်းဖြိုဖျက်လေ သည်။ ယောရှိသည်ယဇ်ပလ္လင်ကိုဖြိုချပြီးလျှင် အာရှရဘုရားမအားဆက်ကပ်ထားသော တံခွန်တိုင်ကိုမီးရှို့၏။-
ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-