ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
ယေရမိ 32:3 - Common Language Bible ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။- Garrad Bible အ ဘယ့် ကြောင့် အ ချုပ် ခံ ရ သ နည်း ဟူ မူ ကား၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း က၊ ဤ မြို့ ကို ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့၊ အပ် နှင်း ၍ သိမ်း ယူ စေ သ ဖြင့်၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း သည်၊ Judson Bible အကြောင်းမူကား၊ ယုဒရှင်ဘုရင်ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။ |
ဤသို့အာခတ်မင်းသည်အခြေအနေ အဆိုးရွားဆုံးအချိန်၌ ထာဝရဘုရား အားယခင်ကထက်ပို၍ပြစ်မှားလေသည်။-
ထိုအခါဖာရောဘုရင်က မောရှေနှင့်အာရုန် တို့အား``ဤသူတို့ကိုအဘယ်ကြောင့်အလုပ် ပျက်အောင်ပြုလိုကြသနည်း။ အလုပ်ခွင် သို့ပြန်ကြစေ။-
``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
ထိုနောက်ထာဝရဘုရားသည် ယေရမိအား ဗျာဒိတ်ပေးတော်မူ၏။ ယေရမိသည်မိမိ ထံသို့ရောက်သည့်လူတို့ကိုဇေဒကိအား ဆင့်ဆိုစေ၏။-
သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။-
ယုဒဘုရင်ဇေဒကိနှင့်မှူးမတ်များအား သူ တို့ကိုသတ်ဖြတ်လိုသည့်ရန်သူများ၏လက် သို့ငါပေးအပ်မည်။ ငါသည်သူတို့အားယခု အတိုက်အခိုက်ရပ်စဲလိုက်သည့် ဗာဗုလုန် ဘုရင်၏တပ်မတော်လက်သို့ပေးအပ်မည်။-
ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။-
သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။
ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင်၏တပ်မ တော်သို့ပေးအပ်မည်။ သူသည်လည်းဤမြို့ ကိုသိမ်းယူလိမ့်မည်'' ဟူ၍ဖြစ်သည်။-
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-
သို့ဖြစ်၍ဧဗဒမေလက်သည်နန်းတော်မှ ထိုအရပ်သို့သွားပြီးလျှင်မင်းကြီးအား၊-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
ဗေသလမြို့သို့နောက်တစ်ဖန်လာ၍မဟော လေနှင့်၊ ဤနေရာသည်ဘုရင်မင်းကိုယ်တော် တိုင်ကိုးကွယ်ဝတ်ပြုရာ အမျိုးသားဗိမာန် တော်ဖြစ်သည်'' ဟုဆိုလိုက်၏။
သူတို့က ``အရှင်သည်ဤအမှုအရာများ ကို အဘယ်အခွင့်အာဏာအရပြုတော်မူ ပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့်အား အဘယ်သူအပ်နှင်းပါသနည်း'' ဟုလျှောက် ထားမေးမြန်းကြ၏။