ယေရမိ 27:8 - Common Language Bible8 သို့ရာတွင်ဘယ်လူမျိုးသို့မဟုတ်ဘယ် နိုင်ငံသည် ထိုမင်း၏အုပ်စိုးမှုကိုမခံဘဲ နေလျှင် ထိုလူမျိုးအားနေဗုခဒ်နေဇာ မဖျက်ဆီးမီတိုင်အောင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်အနာ ရောဂါဘေးတို့ဖြင့်ငါသည်အပြစ်ဒဏ် ခတ်တော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible8 သို့ ဖြစ် ၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ ကြင် လူ မျိုး၊ တိုင်း နိုင် ငံ သည်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ၏ အ မှု ကို ထမ်း ခြင်း၊ ထမ်း ပိုး အောက် ကုပ် လျှိုး ခြင်း မ ပြု အံ့။ ထို မင်း၏ လက် ရုံး ရည် ဖြင့် ကုန် စေ တော် မ မူ မ ချင်း၊ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့်၊ ထို လူ မျိုး ကို စီ ရင် လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible8 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုမခံ၊ သူ၏ထမ်းပိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။
ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် လူမျိုး တကာတို့အပေါ်သို့သံထမ်းပိုးကိုတင် တော်မူမည်ဖြစ်၍ ထိုသူတို့သည်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာ၏အစေကိုခံရကြ လိမ့်မည်ဟုမိန့်တော်မူလေပြီ။ ထာဝရဘုရား ကတောတိရစ္ဆာန်များအားပင်လျှင်နေဗုခဒ် နေဇာ၏အစေကိုခံစေမည်ဟုမိန့်တော်မူ လေပြီ'' ဟုပြောကြားရန်စေခိုင်းတော်မူ၏။-
ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-