ယေရမိ 32:2 - Common Language Bible2 ထိုအခါ၌ဗာဗုလုန်မင်း၏တပ်မတော်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လျက်ရှိ၏။ ငါ သည်လည်းဘုရင့်နန်းတော်ဝင်းအတွင်း၌ အချုပ်ခံလျက်နေရ၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ထို ကာ လ၊ ယေ ရု ရှ လင် မြို့ ကို၊ ဗာ ဗု လုန် ဘု ရင်၏ အ လုံး အ ရင်း ဝန်း ဝိုင်း ရာ၊ ပ ရော ဖက် ယေ ရ မိ သည်၊ ယု ဒ ဘု ရင်၏ နန်း တော် ရှိ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း၊ အ ချုပ် ခံ လျက် နေ ရ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုအခါ ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိသည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။)
ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
ဇေဒကိသည်ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုပုန်ကန်သဖြင့် နေဗုခဒ်နေဇာသည် မိမိ၏ တပ်မတော်နှင့်လာရောက်၍ ဇေဒကိ၏နန်းစံ ကိုးနှစ်၊ ဆယ်လနှင့်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ကိုတိုက်ခိုက်လေသည်။ သူသည်မြို့ပြင်၌ တပ်စခန်းချပြီးလျှင် မြို့ပတ်လည်တွင်မြေ ကတုတ်များကိုဖို့လုပ်၏။-