ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
ယေရမိ 30:8 - Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။- Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ထို နေ့ ရက် ကာ လ၌ ကုပ် ရှိ ထမ်း ပိုး ချိုး ခြင်း၊ ဖွဲ့ ကြိုး ဖြတ် ခြင်း များ ကို ငါ စီ ရင် သ ဖြင့်၊ ထို လူ မျိုး သည် ခြား နား သော လူ မျိုး တို့ စေ စား ခြင်း ကင်း လျက်၊ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းပိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် နောက်တစ်ဖန် သူတို့ကို မစေစားရကြ။ မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်၌ သူတို့၏ပခုံးပေါ်မှ ထမ်းပိုးကို ငါချိုးမည်။ သူတို့ကိုချည်နှောင်သောကြိုးများကို ငါဖြတ်မည်။ သူတို့သည် တစ်ပါးအမျိုးသားတို့ကို အစေခံရတော့မည်မဟုတ်။ |
ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်သင်တို့အားအာရှုရိအမျိုးသား တို့၏လက်မှလွတ်မြောက်စေမည်။ သင်တို့ ၏ပခုံးပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်တော့ မည်မဟုတ်။ သင်တို့သည်အလွန်ဝဖြိုး လာသောကြောင့် သင်တို့၏ထမ်းပိုးများ ကျိုးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား မိမိတို့ခံစားရသောဝေဒနာ နှင့်ဆင်းရဲဒုက္ခများမှလည်းကောင်း၊ အလုပ် ကြမ်းလုပ်ကိုင်ရမှုမှလည်းကောင်းသက် သာခွင့်ပေးတော်မူလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
``သားရေကြိုးများ၊ ကန့်လန့်ဖြတ်သစ်သား တန်းများဖြင့်နွားထမ်းပိုးပြုလုပ်၍သင် ၏လည်ကုပ်တွင်တင်လော့။-
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ထိုအခါဟာနနိသည်ငါ၏လည်ဂုတ် ပေါ်မှထမ်းပိုးကိုဖြုတ်ယူ၍ အပိုင်းပိုင်း ချိုးပစ်ပြီးလျှင်၊-
ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။-
ငါသည်ယောယကိမ်၏သားယုဒဘုရင် ယေခေါနိကိုလည်း ယုဒပြည်မှဗာဗုလုန် မြို့သို့လိုက်ပါသွားရကြသည့်သုံ့ပန်းများ နှင့်အတူပြန်လည်ခေါ်ဆောင်ခဲ့မည်။ ဗာဗု လုန်မင်း၏အာဏာတန်ခိုးကိုအမှန်ပင် ငါချိုးနှိမ်တော်မူမည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူကြောင်းပြောကြားလေ၏။
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
သင်တို့အားအာရှုရိပြည်၏လက်အောက်မှ လွတ်မြောက်စေမည်။ သင်တို့ကိုချည်နှောင် ထားသည့်သံကြိုးများကိုဖြတ်တောက် ပစ်မည်'' ဟုမိန့်တော်မူ၏။