ယေဇကျေလ 30:18 - Common Language Bible18 အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible18 အိ ဂျစ် ထမ်း ပိုး များ ကို ငါ ချိုး ဖြတ် သ ဖြင့်၊ မောက် မာ ရာ ခံ မြို့ ပ ပျောက် သည့် ကာ လ၊ နေ အ လင်း သည်၊ တာ ပ နက် မြို့ မှ ကွယ်၍၊ မိုး သား လည်း အုံ့ လျက်၊ မြို့ သူ တို့ သုံ့ ပန်း သိမ်း သွား ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 တာပနက်မြို့၌ အဲဂုတ္တုလှံတံတို့ကို ငါချိုး၍၊ သူ့အစွမ်းသတ္တိ၏ဂုဏ်အသရေဆုံးသောအခါ နေ့အချိန်၌ အလင်းကွယ်လိမ့်မည်။ မိုးအုံ့၍ မြို့သမီးတို့သည် သိမ်းသွားခြင်းကိုခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 အီဂျစ်ပြည်၏ထမ်းပိုးကို ချိုးပစ်သောအခါ တာပနက်မြို့၌ နေ့သည် အမှောင်ကျလိမ့်မည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားသည်လည်း ကုန်ခန်းသွား၍ သူ့အဖို့ တိမ်ဖုံးသောနေ့တစ်နေ့ဖြစ်လိမ့်မည်။ မြို့သူမြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
ဤဗျာဒိတ်တော်သည်အီဂျစ်ပြည်နှင့် သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားသည်မိုးတိမ်ကိုစီး၍ အီဂျစ် ပြည်သို့လျင်မြန်စွာကြွလာတော်မူလေပြီ။ အီဂျစ်ပြည်ရှိရုပ်တုဆင်းတုများသည် ကိုယ် တော်၏ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြ ကုန်၏။ အီဂျစ်ပြည်သူတို့သည်လည်းသူရဲ ဘောကြောင်၍သွားကုန်၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-