ယေရမိ 28:13 - Common Language Bible13 ဟာနနိထံသို့သွား၍``သင်သည်သစ်သားထမ်း ပိုးကိုချိုးပစ်နိုင်စွမ်းရှိသော်လည်း ကိုယ်တော် သည်သံထမ်းပိုးဖြင့်အစားထိုးတော်မူမည်။- အခန်းကိုကြည့်ပါ။Garrad Bible13 ဟာ န နိ ရှိ ရာ သို့ သွား ၍၊ သင် သည် သစ် သား ထမ်း ပိုး ကျင် များ ကို ချိုး ဖြတ် လေ ပြီ။ ၎င်း အ စား၊ သံ ထမ်း ပိုး ကျင် များ ကို လုပ် ရ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible13 သင်သွား၍ ထာဝရဘုရား၏အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သားထမ်းပိုးအစား၊ သံထမ်းပိုးကို လုပ်ရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 “ဟာနနိယထံသို့သွားပြီး ထာဝရဘုရားက ‘သင်ချိုးလိုက်သောသစ်သားထမ်းပိုးအစား သံထမ်းပိုးကို သင်ပြုလုပ်လေပြီ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကိုယ်တော်တိုင်ကထိုသူတို့ အား မိမိစေလွှတ်တော်မမူကြောင်းမိန့်တော် မူပါပြီ။ သူတို့သည်ကိုယ်တော်၏နာမတော် ကိုအမှီပြု၍ လိမ်လည်ဟောပြောလျက်နေ ကြပါ၏။ သို့ဖြစ်၍ထာဝရဘုရားသည် အရှင့်အားနှင်ထုတ်တော်မူပါလိမ့်မည်။ အရှင်နှင့်တကွအရှင့်အားလိမ်လည် ဟောပြောကြသည့်ပရောဖက်များသည် သေကြေပျက်စီးရကြပါလိမ့်မည်'' ဟု လျှောက်ထား၏။
``ကိုယ်တော်သည်ငါ၏အပြစ်မှန်သမျှကို မှတ်သားထားတော်မူပါ၏။ ယင်းတို့ကိုစုစည်းပြီးလျှင်ငါ၏လည်တွင် ဆွဲထားတော်မူသည်ဖြစ်၍ ငါသည်အပြစ်ဝန်ထုပ်လေးလံမှုဖြင့် အားအင်ချည့်နဲ့ရလေပြီ။ ထာဝရဘုရားသည်ငါ့အားရန်သူများ လက်သို့အပ်တော်မူပါ၏။ ငါ့မှာလည်းသူတို့အားခုခံနိုင်စွမ်းမရှိပါ။''
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-