ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
ယေရမိ 23:2 - Common Language Bible ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''- Garrad Bible ထို့ ကြောင့် လူ မျိုး တော် ကို ထိန်း ကျောင်း သူ တို့ နှင့် စပ် လျဉ်း၍၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် မှာ၊ သိုး အုပ် တော် ကို အ ကြည့် အ ရှု မ လာ ဘဲ၊ မောင်း နှင် ခွဲ လွှင့် ကြ သည့် အ လျောက်၊ သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ ငါ အ စီ အ ရင် လာ မည့် ပြင်၊ Judson Bible ထိုကြောင့်၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏သိုးစုကိုမကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။ |
ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
ငါက``ငါတို့၏ခေါင်းဆောင်များသည်မိုက်မဲ သူများဖြစ်၍ ထာဝရဘုရား၏ပို့ဆောင်လမ်းပြမှုကို မတောင်းမခံကြ။ သို့ဖြစ်၍သူတို့သည်အကြံမအောင်ကြဘဲ ငါတို့ အမျိုးသားများသည်ပျံ့လွင့်၍သွားရ ကြခြင်းဖြစ်၏။
သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
မိမိတို့၏မိတ်ဆွေများဟုသင်တို့ထင်မှတ် သူတို့သည် သင်တို့ကိုနှိမ်နင်း၍အုပ်စိုးရန် ထာဝရဘုရားချမှတ်တော်မူသောအခါ သင်တို့အဘယ်သို့ပြောဆိုကြမည်နည်း။ သင်တို့သည်သားဖွားသည့်အမျိုးသမီး ကဲ့သို့ဝေဒနာခံရကြလိမ့်မည်။-
``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။
အကယ်၍ပရောဖက်သို့မဟုတ် ယဇ်ပုရောဟိတ် တစ်စုံတစ်ယောက်ကသော်လည်းကောင်း၊ လူတစ်ဦး တစ်ယောက်ကသော်လည်းကောင်း`ထာဝရဘုရား ၏ဝန်ထုပ်ဝန်ပိုး' ဟူသောစကားကိုသုံးနှုန်း ပါမူ ငါသည်ထိုသူနှင့်သူ၏အိမ်ထောင်စု အားအပြစ်ဒဏ်ခတ်မည်။-
ယခုအခါ၌ပင်လျှင်သင်တို့၏ပြည်သည် ယိုယွင်းပျက်စီးကာလူသူဆိတ်ညံလျက် ရှိ၏။ ထာဝရဘုရားသည်သင်တို့၏ယုတ် မာဆိုးညစ်သည့်အကျင့်များကိုသည်းခံ တော်မမူနိုင်သဖြင့် ထိုပြည်သည်လူတို့ ရှေ့၌စက်ဆုပ်ရွံရှာဖွယ်ဖြစ်၍နေလေပြီ။ လူတို့သည်လည်းထိုပြည်၏အမည်နာမ ကိုကျိန်စာအဖြစ်အသုံးပြုကြလေပြီ။-
``သို့ရာတွင်ဤအမှုအရာများအတွက် သူတို့အားငါထာဝရဘုရားဒဏ်ပေးမည်။ ဤလူမျိုးအားငါလက်စားချေမည်။-
ဤအမှုအရာများအတွက်ငါသည်သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေသင့်သလော။ ဤသို့သောပြည်သူတို့ကိုလက်စားမချေဘဲနေသင့်သလော။''
ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
သိုးတို့သည်သိုးထိန်းမရှိသဖြင့်ကစဥ့် ကရဲဖြစ်ကာသားရဲတိရစ္ဆာန်များ၏ အစာဖြစ်ရကြ၏။-
သူသည်ငါ့ကိုမေ့လျော့ပြီးလျှင်ဗာလ ဘုရားအားနံ့သာပေါင်းကိုမီးရှို့ပူဇော် လျက် ရွှေငွေတန်ဆာများကိုဝတ်ဆင်၍ ချစ်သူများနောက်သို့လိုက်သည့်အခါများ အတွက်သူ့အားငါဒဏ်ခတ်မည်။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
အတော်ဖြောင့်ဆုံးဟုဆိုရသောသူများ ပင်လျှင် ပေါင်းပင်ကဲ့သို့အသုံးမကျချေ။ ဘုရားသခင်သည်သူတို့၏ကင်းစောင့် သဖွယ်ဖြစ်သော ပရောဖက်များမှတစ်ဆင့် သတိပေးသည့်အတိုင်း လူများကိုဒဏ်ခတ် မည့်အချိန်ရောက်လာပြီ။ သူတို့သည်ယခု အခါကယောင်ချောက်ချားဖြစ်လျက်ရှိ ကြ၏။-
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
ငါသည်မိမိ၏သိုးစုအတွက်သိုးထိန်းတစ် ဦးကိုခန့်ထားခဲ့သော်လည်း သူသည်သေဘေး တွေ့သည့်သိုးများကိုမကူညီ။ ပျောက်သည့် သိုးများကိုမရှာဖွေ။ အနာရသည့်သိုးများ ကိုမကုသ။ မသေဘဲကျန်ရှိနေသောသိုး များကိုလည်းမကျွေးမွေး။ ယင်းသို့ပြုမည့် အစားသူသည်အဆူဖြိုးဆုံးသောသိုးတို့ ၏အသားကိုစား၏။ သူတို့၏ခွာများကို လည်းချွတ်ပစ်၏။-
ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌စစ်မှန် သောဘုရားတရားကြည်ညိုမှုသည်ကား ဒုက္ခ ရောက်သောမိဘမဲ့ကလေးများနှင့်မုဆိုးမ တို့ကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ လောကီအညစ် အကြေးတို့မှကင်းစင်အောင် မိမိတို့ကိုယ်ကို စောင့်ထိန်းခြင်းတို့ပင်ဖြစ်သတည်း။