ယေရမိ 17:10 - Common Language Bible10 ``ငါထာဝရဘုရားသည်လူတို့၏စိတ်နေ သဘောထားကို ရှာဖွေ၍ကြည့်တတ်၏။ စိတ်နှလုံးအကြံအစည်ကိုလည်းစစ်ဆေး၍ ကြည့်တတ်၏။ ငါသည်လူအပေါင်းတို့အားသူတို့လုပ်ဆောင်သည့် အကျင့်အရ ထိုက်သင့်သည့်အကျိုးအပြစ်ကိုပေးတတ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ငါ ထာ ဝ ရ ဘု ရား သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး စီ စစ် ၍၊ လူ အ သီး သီး တို့ အား၊ ကိုယ့် အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့ပြုမူကျင့်ကြံသည့်အတိုင်း၊ မိမိတို့လုပ်ဆောင်မှုအသီးအပွင့်အတိုင်း ပေးဆပ်ရန် လူတို့၏စိတ်နှလုံးကို စစ်ကြောတတ်၏။ အတွင်းသဘောကို စစ်ဆေးတတ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
ထိုနောက်တပည့်တော်တို့သည်``အို သခင်ဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့၏စိတ်နှလုံး ကိုသိတော်မူပါ၏။ ယုဒသည်မိမိနှင့်ထိုက်ရာ အရပ်သို့လားရအံ့သောငှာ တမန်တော်ရာထူး ကိုစွန့်လွှတ်၍သွားပါပြီ။ ထိုရာထူးတွင်ဤသူ နှစ်ယောက်အနက် အဘယ်သူကိုကိုယ်တော်ရှင် ရွေးကောက်ခန့်ထားတော်မူသည်ကို အကျွန်ုပ်တို့ အားဖော်ပြတော်မူပါ'' ဟုဆုတောင်းပတ္ထနာ ပြုကြ၏။-
ကိုယ်တော်၏လူမျိုးတော်သည်ဘိုးဘေးများ အားပေးတော်မူမည့်ပြည်တော်တွင်နေထိုင်ရ သမျှကာလပတ်လုံး ကိုယ်တော်အားကြောက်ရွံ့ ရိုသေကြစေရန်သူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူ ရာကောင်းကင်ဘုံကနေ၍နားထောင်တော်မူ လျက် သူတို့အားအပြစ်ဖြေလွှတ်၍ကူမ တော်မူပါ။ ကိုယ်တော်သာလျှင်လူအပေါင်း တို့၏အကြံအစည်များကိုသိတော်မူပါ ၏။ လူတိုင်းခံစားသင့်သည့်အကျိုးအပြစ် အလျောက်စီရင်တော်မူပါ။''
ငါ၏လူမျိုးတော်သည်ဂျုံစပါးကိုစိုက်ပျိုး သော်လည်း ဆူးပင်များကိုရိတ်သိမ်းရကြ၏။ သူတို့သည်အလုပ်ကိုကြိုးစား၍လုပ်သော် လည်း အဘယ်သို့မျှအကျိုးမရှိ။ ငါ၏အမျက်တော်ပြင်းထန်မှုကြောင့် သူတို့သည်ရှက်ကြောက်ခြင်းသီးနှံကို ရိတ်သိမ်း ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-