ယေဇကျေလ 34:5 - Common Language Bible5 သိုးတို့သည်သိုးထိန်းမရှိသဖြင့်ကစဥ့် ကရဲဖြစ်ကာသားရဲတိရစ္ဆာန်များ၏ အစာဖြစ်ရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 အ ထိန်း အ ကျောင်း မဲ့ သော၊ ထို သိုး ဆိတ် တို့ သည်၊ အ နှံ့ အ ပြား ကွဲ လွင့်၍၊ တော သား ရဲ စာ အ ဖြစ် ရောက် ခဲ့ ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible5 ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သိုးထိန်းမရှိသောကြောင့် သိုးတို့ကွဲလွင့်ကုန်၏။ ကွဲလွင့်သွားသောသိုးတို့သည် သားရဲတိရစ္ဆာန်တို့၏အစာဖြစ်ရကုန်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
လူမျိုးတကာတို့သည်သူတို့အားနောင် အဘယ်အခါ၌မျှ လုယက်တိုက်ခိုက်ကြ တော့မည်မဟုတ်။ သားရဲတိရစ္ဆာန်များသည် လည်းသူတို့အားသတ်ဖြတ်ကိုက်စားကြ တော့မည်မဟုတ်။ သူတို့ဘေးမဲ့လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။ သူတို့အားအဘယ် သူမျှထိတ်လန့်တုန်လှုပ်စေကြလိမ့်မည် မဟုတ်။-