ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည် မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။
ယေရမိ 10:8 - Common Language Bible သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။ Garrad Bible ထို သူ အ ပေါင်း တို့ သည်၊ ဉာဏ် ကင်း လျက် မိုက် မဲ ကြ၏။ ရုပ် ပွား ဆင်း တု များ ၏ အ ဆုံး အ မ ကား၊ သစ် သား သက် သက် ဖြစ် ၏။ Judson Bible သူတို့သည် တစ်လုံးတစ်ဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သောသဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူအပေါင်းတို့သည် အသိတရားမရှိ၊ မိုက်မဲကြ၏။ အချည်းနှီးသောအရာကိုသွန်သင်ပေးသူမှာ သစ်သားဖြစ်၏။ |
ထိုရုပ်တုတို့ကိုပြုလုပ်သူများနှင့်ကိုးစား သူတို့သည် မိမိတို့ပြုလုပ်သည့်ရုပ်တုများကဲ့သို့ ဖြစ်ကြပါစေသော။
ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။ သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။ သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။''
ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
ဤအခြင်းအရာကိုမြင်ခြင်းကြောင့် လူအပေါင်းတို့သည်ထုံထိုင်း၍အသိဉာဏ် ကင်းမဲ့သူများဖြစ်လာရကြလေသည်။ ပန်းတဉ်းဆရာအပေါင်းတို့သည် မိမိတို့သွန်းလုပ်သည့်ဘုရားများမှာ အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက် ရကြ၏။ အဘယ်ကြောင့်ဆိုသော်ရုပ်တုများတွင် အသက်မရှိသောကြောင့်တည်း။
သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။
ဣသရေလ၏အကျင့်ပျက်မှုသည် မိမိနှင့် မဆိုင်သကဲ့သို့တိုင်းပြည်ကိုညစ်ညမ်းစေ လေသည်။ သူသည်ကျောက်တုံးများ၊ သစ်ပင် များကိုဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်မှား ယွင်းလေ၏။-
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-%
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။