ယေရမိ 10:9 - Common Language Bible9 သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible9 လက် မြောက် သူ တို့ လုပ် ပြီး သော ထို ရုပ် တု များ ကို၊ တာ ရှု မြို့ မှ ဆောင် လာ သော ငွေ၊ ဩ ဖိ ရ ပြည် မှ ဆောင် လာ သော ရွှေ များ ဖြင့်၊ ပန်း တည်း နှင့် ပန်း တိမ် များ တို့ ထု လုပ် မွမ်း မံ ကြ ပြီး လျှင်၊ အ ပြာ ထည်၊ အ မောင်း ထည် များ နှင့် ခြုံ လေ့ ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား% တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ % ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း% ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု% သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း% ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း% မံထားကောင်းထားမည်ဖြစ်သော်လည်း % ထိုရုပ်တုတွင်အသက်ကားမရှိ။ %