ယေရမိ 2:27 - Common Language Bible27 သစ်ပင်အား`အရှင်သည်အကျွန်ုပ်အဖဖြစ်ပါ သည်' ဟူ၍လည်းကောင်း၊ ကျောက်တုံးအား`အရှင် သည်အကျွန်ုပ်အမိဖြစ်ပါသည်' ဟူ၍လည်း ကောင်းသင်တို့ပြောဆိုကြ၏။ သင်တို့သည်ငါ ၏ဘက်သို့မလှည့်၊ ငါ့အားကျောခိုင်း၍သွား ကြ၏။ သို့ရာတွင်သင်တို့သည်ဘေးအန္တရာယ် တွေ့သောအခါ၌မူကား၊ ငါ့အားကြွလာ တော်မူ၍သင်တို့ကိုကူမတော်မူရန်လျှောက် ထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 သစ် ရုပ် အား၊ ငါ့ အ ဘ၊ ကျောက် ရုပ် အား၊ ငါ့ ကို ဖြစ် ပွား စေ သော အ ရှင် ဟု ဆို ရာ၌ အ ရှက် ရ ကြ၏။ ထို သူ တို့ သည် ငါ မှ မျက် နှာ လွှဲ၍ ကျော ခိုင်း ကြ ပြီ မှန် သော် လည်း ဒု က္ခ တွေ့ လျှင် ထ ကြွ ကယ် မ တော် မူ ပါ ဟု တ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible27 သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဖွားမြင်တော်မူပြီ ဟူ၍လည်းကောင်းဆိုလျက်၊ စင်စစ် ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သူတို့က သစ်ပင်အား ‘အကျွန်ုပ်၏ဖခင်’၊ ကျောက်တုံးအား ‘အကျွန်ုပ်တို့ကိုမွေးဖွားသူ’ဟု ဆိုကြ၏။ ငါ့ကိုကား မျက်နှာလွှဲ၍ ကျောခိုင်းသွားကြ၏။ သို့သော် ဒုက္ခရောက်ချိန်၌ ‘ထတော်မူပါ၊ အကျွန်ုပ်တို့ကိုကယ်တော်မူပါ’ဟု ဆိုတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
သို့ဖြစ်၍ကိုယ်တော်သည်ငါ့အား ဗိမာန်တော်အတွင်းတံတိုင်းသို့ခေါ်ဆောင်သွားတော်မူ၏။ ဗိမာန်တော်အဝင်ဝအနီးယဇ်ပလ္လင်နှင့်ဆင်ဝင်စပ်ကြား၌ လူနှစ်ဆယ့်ငါးယောက်ခန့်ရှိ၏။ သူတို့သည်ဗိမာန်တော်ကိုကျောခိုင်းလျက်အရှေ့ဘက်သို့မျက်နှာမူလျက် ထွက်ပြူလာသောနေမင်းအားရှိခိုးနေကြ၏။
အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-