ဟေရှာယ 41:29 - Common Language Bible29 ထိုဘုရားအားလုံးပင်လျှင်အရာမဝင်။ သူတို့သည်အဘယ်အမှုကိုမျှမပြုနိုင်။ သူတို့၏ရုပ်တုများသည်လည်းချည့်နဲ့၍ တန်ခိုးမရှိကြ။'' အခန်းကိုကြည့်ပါ။Garrad Bible29 ရှိ သ မျှ တို့ အ ချည်း နှီး၊ အ မှု များ အ လ ဟဿ ဖြစ် သည့် ပြင်၊ ချင်း တို့ ရုပ် ပွား ဆင်း တု များ လည်း၊ လေ သက် သက်၊ လ ဟာ သက် သက် ဖြစ် ကြ ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible29 သူတို့သည် အကြွင်းမဲ့ အနတ္တဖြစ်ကြ၏။ သူတို့အမှုများလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တုတို့လည်း အတ္တမရှိ၊ လေသက်သက် ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သူတို့အားလုံးသည် အနတ္တသက်သက်၊ သူတို့ပြုသောအမှုတို့သည် အချည်းနှီးသက်သက်၊ သူတို့သွန်းလုပ်သောရုပ်တုတို့သည် အလဟဿ၊ အချည်းနှီးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ထိုဘုရားကိုပခုံးထက်တွင် ထမ်း၍ ဆောင်ယူကာနေရာချထား၏။ ဘုရားသည်လည်းမိမိတည်ရှိသည့် နေရာမှ မရွေ့မလျားနိုင်ရပ်လျက်သာနေ၏။ အကယ်၍သူ့အားတစ်စုံတစ်ယောက်သော သူက ဆုတောင်းပတ္ထနာပြုပါမူသူသည်အဖြေ မပေးနိုင်။ ထိုသူ့အားဘေးအန္တရာယ်မှလည်းမကယ်နိုင်။
လူမျိုးတကာတို့ကိုးကွယ်သည့်ရုပ်တုများ သည် မိုးကိုမရွာစေနိုင်ပါ။ ကောင်းကင်သည်အလိုအလျောက်မိုးရေ ပေါက်များ ကျလာအောင်မတတ်နိုင်ပါ။ ကိုယ်တော်ရှင်သာလျှင်ဤအမှုများကို ပြုတော်မူသောကြောင့် ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကို မျှော်ကိုးကြပါ၏။
ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-%
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။