ယေဇကျေလ 6:13 - Common Language Bible
လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ရုပ် ပွား ဆင်း တု များ အား၊ စိတ် ပြေ ဖွယ် ရ နံ့ တင် သ ရာ အ ရပ် ရပ် ရှိ၊ မြင့် လှ သော ကုန်း နှင့် တောင် ထိပ် ပေါ်၌ လည်း ကောင်း၊ စိမ်း လန်း သော သစ် ပင် နှင့် အ ရွက် ဖြာ သော ညန် ပင် အောက် ၌ လည်း ကောင်း၊ ယဇ် ပ လ္လင် များ ပတ် လည်၌ ရုပ် ပွား များ အ လယ် တွင်၊ ထို သူ တို့ လုပ် ကြံ ခံ ရ သည့် ကာ လ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့။
အခန်းကိုကြည့်ပါ။
ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ်ကောင်းသော သပိတ်ပင်ရှိသမျှတို့ အောက်၌၊ ရုပ်တုဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
အခန်းကိုကြည့်ပါ။