ယေဇကျေလ 6:14 - Common Language Bible14 ငါသည်လက်ကိုဆန့်၍သူတို့၏ပြည်ကို ဖျက်ဆီးမည်။ ဣသရေလအမျိုးသားတို့ နေထိုင်ရာအရပ်မှန်သမျှကိုချမ်းသာ မပေးဘဲ တောင်ဘက်တောကန္တာရမှသည် မြောက်ဘက်ဒိဗလတ်မြို့သို့တိုင်အောင်လူ သူဆိတ်ညံရာအရပ်ဖြစ်စေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို လူ အပေါင်းတို့သိရှိလာကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ဆန့် တန်း သော လက် ရုံး တော် ဖြင့် သဲ တော မှ စ၍ ဒိ ဗ လတ် မြို့ တိုင် အောင်၊ နေ ပြည် အ ရပ် ရပ် ကို ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ငါ ဖြစ် စေ သော်၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible14 သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့ နေလေရာရာပြည်ကို သာ၍ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ ဖြစ်စေသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
ထိုကြောင့်ငါ့လက်ကိုဆန့်လျက်သင်တို့အား လုယက်တိုက်ခိုက်ကြစေရန် အခြားလူမျိုး တို့၏လက်သို့ငါပေးအပ်မည်။ ငါသည်သင် တို့အားလုံးဝပျက်စီးအောင်စီရင်မည်ဖြစ်၍ သင်တို့သည်ကိုယ်ပိုင်ပြည်နှင့်နေရကြတော့ မည်မဟုတ်။ လူမျိုးတစ်မျိုးအနေဖြင့်လည်း ရပ်တည်နိုင်ကြတော့မည်မဟုတ်။ ထို အခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသင်တို့သိရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။