ဟောရှေ 4:13 - Common Language Bible13 သူတို့သည်တောင်ထိပ်များပေါ်ရှိကိုးကွယ် ရာဌာနများ၌ယဇ်ပူဇော်ကြ၍ တောင် ကုန်းများပေါ်ရှိအရိပ်ကောင်းသောသစ် ပင်ကြီးများအောက်၌နံ့သာပေါင်းကို မီးရှို့ကြသည်။ ``ထို့ကြောင့်သင်တို့၏သမီးများသည် ပြည့်တန်ဆာဘဝသို့ရောက်၍သင်တို့ ၏ချွေးမများသည်မျောက်မထားကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 အ ရိပ် ကောင်း သော ညန်၊ ထင်း ရှူး၊ သ ပိတ် ပင် များ အောက်၊ တောင် ထိပ် ပေါ်၌ ယဇ် ပူ ဇော် ခြင်း၊ ကုန်း ထိပ် ပေါ်၌ မီး ဖြင့် ဆက် ကပ် ခြင်း ကို ပြု ကြ စဉ်၊ သင် တို့ သ မီး တို့ သည် မှား ယွင်း မှု၊ မ ယား များ လည်း မျောက် မ ထား မှု ကို ပြု ကြ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible13 တောင်ထိပ်ပေါ်၊ ကုန်းပေါ်မှာလည်းကောင်း အရိပ်ကောင်းသော သပိတ်ပင်မျိုး၊ လိဗနာပင် အောက်မှာလည်းကောင်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။ အခန်းကိုကြည့်ပါ။ |
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-
အာဝင်မြို့တောင်ကုန်းပေါ်ရှိ ဣသရေလ ပြည်သားတို့ကိုးကွယ်ရာဌာနများသည် ပြိုပျက်ရလိမ့်မည်။ သူတို့၏ယဇ်ပလ္လင်များ ပေါ်တွင်ဆူးပင်များ၊ ပေါင်းပင်များပေါက် လိမ့်မည်။ ထိုအခါလူတို့ကတောင်များ ကို``ငါတို့အားဖုံးကွယ်ထားကြပါ'' ဟူ၍ လည်ကောင်း၊ တောင်ကုန်းများကို``ငါတို့အား ဖုံးအုပ်ထားကြပါ'' ဟူ၍လည်ကောင်း ဟစ်အော်တောင်းပန်ကြလိမ့်မည်။
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။