ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
ယေဇကျေလ 47:1 - Common Language Bible ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။- Garrad Bible ထို့ နောက် ဗိ မာန် တော် တံ ခါး ဝ ရောက် ငါ့ ကို ခေါ် သွား ပြန် သော်၊ အ ရှေ့ ဘက် သို့ ဗိ မာန် တော် မျက် နှာ မူ သည့် အ လျောက်၊ တံ ခါး ခုံ တောင် စွန်း အောက် မှ၊ ပူ ဇော် ရာ ပ လ္လင် တော် တောင် ဘက်၊ အ ရှေ့ မျက် နှာ သို့ စီး ထွက် သော ရေ ကို ငါ မြင် ၏။ Judson Bible ထိုနောက်မှ အိမ်တော်တံခါးသို့ တစ်ဖန်ငါ့ကိုဆောင်ခဲ့၍၊ တံခါးခုံအောက်မှာ အရှေ့ဘက်သို့ထွက်သော ရေကိုငါမြင်၏။ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍၊ ရေသည် အိမ်တော်တံခါးခုံလက်ယာအောက်၊ ယဇ်ပလ္လင်တော် တောင်ဘက်မှ စီးသွားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ငါ့အား အိမ်တော်ဝင်ပေါက်သို့ ပြန်လည်ခေါ်ဆောင်လာရာ အိမ်တော်တံခါးခုံအောက်မှ အိမ်တော်မျက်နှာမူရာအရှေ့ဘက်သို့ ရေစီးထွက်သွားသည်ကို တွေ့ရ၏။ ထိုရေတို့သည် အိမ်တော်လက်ယာဘက်အောက်၊ ယဇ်ပလ္လင်တော်တောင်ဘက်မှ စီးဆင်းသွား၏။ |
ဘုရားသခင်၏မြို့တော်တည်းဟူသော အမြင့်မြတ်ဆုံးဘုရားကိန်းဝပ်တော်မူရာ ဌာနတော်ကိုသာယာရွှင်လန်းစေသော မြစ်ရှိ၏။
ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
ထိုသူအပေါင်းတို့သည်ကခုန်လျက် ``ဇိအုန်တောင်သည် ငါတို့ခံစားရသောကောင်းချီးမင်္ဂလာအပေါင်း စီးဆင်းရာဖြစ်ပေသည်'' ဟုသီဆိုကြ၏။
သူတို့က ``ထာဝရဘုရား၏တောင်တော်ပေါ်သို့ ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။ ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။ ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။ ``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း ကိုယ်တော်၏နှုတ်ကပတ်တော်သည် ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
ငါ၏လူမျိုးတော်သည်အသက်စမ်းရေတည်းဟူသော ငါ့အားစွန့်ပစ်၍ရေမလုံ၊ကွဲအက်လျက်ရှိသည့်၊ ရေလှောင်ကန်များကိုတူးကြသည်ဖြစ်၍ အပြစ်ဒုစရိုက်နှစ်ပါးကိုကူးလွန်ကြလေပြီ။
ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
အနံတစ်ဆယ့်ခုနစ်ပေရှိ၏။ ယင်း၏ဝဲယာ နံရံများသည်ထုရှစ်ပေစီရှိ၏။ အလယ် ခန်းကိုတိုင်းတာကြည့်သောအခါအလျား ခြောက်ဆယ့်ရှစ်ပေ၊ အနံသုံးဆယ့်လေးပေ ရှိသည်ကိုတွေ့ရ၏။
ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။
ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။-
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့မှစမ်းရေများစီးဆင်း၍ လာလိမ့်မည်။ ထိုရေ၏တစ်ဝက်သည်ပင်လယ် သေထဲသို့လည်းကောင်း၊ အခြားတစ်ဝက်သည် မြေထဲပင်လယ်ထဲသို့လည်းကောင်း တစ်နှစ် ပတ်လုံးဆောင်းရောနွေပါစီးဆင်းသွားလိမ့် မည်။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။