ဇာခရိ 14:4 - Common Language Bible4 ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible4-5 ယေ ရု ရှ လင် မြို့ အ ရှေ့ မျက် နှာ ရင် ဆိုင် သော သံ လွင် တောင် ပေါ် တွင်၊ ခြေ တော် ကို ချ တော် မူ သ ဖြင့်၊ သံ လွင် တောင် သည် အ ရှေ့ အ နောက် ထက် ခြမ်း ကွဲ လျက်၊ တ ခြမ်း ကား မြောက် မျက် နှာ သို့၎င်း၊ တ ခြမ်း ကား တောင် မျက် နှာ သို့၎င်း၊ ရွေ့ သွား သည့် အ လျောက်၊ အာ ဇ လ မြို့ သို့ ပေါက် သော တောင် ကြား ကြီး ရှိ မည် ဖြစ်၍၊ တောင် တော် ကြား လမ်း ဖြင့် ပြေး ကြ သော သင် တို့ သည်၊ ယု ဒ ဘု ရင် ဩ ဇိ မင်း လက် ထက်၊ င လျင် လှုပ် ခြင်း ကြောင့် ပြေး ရ ကြ သည့် နည်း တူ၊ ပြေး လွတ် ခွင့် ရ ကြ ဦး မည်။ ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း သော အ ခြွေ အ ရံ တို့ ပါ၊ ကြွ လာ တော် မူ မည့် အ လျောက်။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွှေ့ရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''