Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 40:6 - Common Language Bible

6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 အ ရှေ့ တံ ခါး ဝ သို့ သွား ရောက်၍၊ ဆိုင် ရာ လှေ ကား ကို တက် သော်၊ တံ ခါး ခုံ ထု ကို တာ တစ် ဝါး တိုင်း ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​နောက်၊ အ​ရှေ့​တံ​ခါး​သို့​သွား၍ လှေ​ကား​ကို တက်​ပြီး​မှ၊ တံ​ခါး​ထုပ်​နှင့် တံ​ခါး​ခုံ​ကို​တိုင်း၍ အ​နံ ကျူ​တစ်​ပြန်​စီ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 40:6
24 ပူးပေါင်းရင်းမြစ်များ  

အောက်​ဆုံး​ခန်း​ငယ်​အ​ဝင်​ဝ​မှာ​ဗိ​မာန်​တော် ၏​တောင်​ဘက်​တွင်​ရှိ​၏။ ဒု​တိ​ယ​နှင့်​တ​တိ​ယ ထပ်​များ​သို့​တက်​ရန်​လှေ​ကား​များ​တပ်​ဆင် ထား​၏။-


သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။


ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-


ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။


ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​တစ်​ရက်​မျှ နေ​ရ​ခြင်း​သည် အ​ခြား​သော​အ​ရပ်​တွင်​ရက်​ပေါင်း​တစ်​ထောင် နေ​ရ​ခြင်း​ထက်​သာ​၍​မြတ်​ပါ​၏။ ဘု​ရား​သ​ခင်​၏​အိမ်​တော်​တံ​ခါး​စောင့်​ဖြစ်​ရ ခြင်း​သည် သူ​ယုတ်​မာ​တို့​၏​အိမ်​တွင်​နေ​ရ​ခြင်း​ထက် သာ​၍​မြတ်​ပါ​၏။


အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-


ထို​နောက်​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည် ဗိ​မာန်​တော်​အ​ဝင်​ဝ​မှ ထွက်​ခွာ​၍​သတ္တ​ဝါ​တို့​၏​အ​ထက်​သို့​ရွေ့ လျား​သွား​တော်​မူ​၏။-


ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။


ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ရှိ​ဝင်း​သို့​သွား​ရာ မြောက်​မုခ်​ပေါက်​လမ်း​ကို​တိုင်း​တာ​ကြည့်​၏။-


အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။-


ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။-


ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-


ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-


တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-


ကြမ်း​ပြင်​မှ​ပြူ​တင်း​ပေါက်​များ​အ​ထိ သစ် သား​မှန်​ကွက်​ပုံ​များ​ဖြင့်​တပ်​ဆင်​ထား​၏။ ဤ​ပြူ​တင်း​ပေါက်​များ​ကို​လည်း ဖုံး​အုပ်​၍ ထား​နိုင်​၏။-


ထို​လူ​သည်​ဗိ​မာန်​တော်​အ​တွင်း​ပိုင်း​အ​ကျယ် အ​ဝန်း​ကို​တိုင်း​တာ​ပြီး​နောက် ငါ့​အား​အ​ရှေ့ တံ​ခါး​မှ​ခေါ်​ဆောင်​ကာ​အ​ပြင်​ပိုင်း​ကို​တိုင်း တာ​၍​ကြည့်​၏။-


ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။-


အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။


ရှင်​ဘု​ရင်​များ​သည်​မိ​မိ​တို့​၏​တံ​ခါး​တိုင် များ​နှင့်​တံ​ခါး​အောက်​ခံ​ဘောင်​များ​ကို​ငါ ၏​ဗိ​မာန်​တော်​တံ​ခါး​တိုင်​များ၊ တံ​ခါး အောက်​ခံ​ဘောင်​များ​နှင့်​ကပ်​လျက်​ပြု​လုပ် ထား​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ငါ​နှင့်​သူ တို့​၏​ကြား​တွင်​နံ​ရံ​သာ​ခြား​၍​နေ​၏။ သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​မှု​အ​ပေါင်း​ကို​ပြု​ကျင့်​ကာ​ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ရှုတ်​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​မျက် ထွက်​၍​သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​၏။-


ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။-


``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-


သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား ဗိ​မာန်​တော်​အ​တွင်း​တံ​တိုင်း​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော်​အ​ဝင်​ဝ​အ​နီး​ယဇ်​ပလ္လင်​နှင့်​ဆင်​ဝင်​စပ်​ကြား​၌ လူ​နှစ်​ဆယ့်​ငါး​ယောက်​ခန့်​ရှိ​၏။ သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ကျော​ခိုင်း​လျက်​အ​ရှေ့​ဘက်​သို့​မျက်​နှာ​မူ​လျက် ထွက်​ပြူ​လာ​သော​နေ​မင်း​အား​ရှိ​ခိုး​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ