သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
ယေဇကျေလ 44:1 - Common Language Bible ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။- Garrad Bible ထို့ နောက်၊ သန့် ရှင်း ရာ ဌာ န အ ရှေ့ ဘက်၊ အ ပြင် တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြန်၍၊ ပိတ် ထား သည် ကို တွေ့ သော်၊ Judson Bible ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ဖန် ထိုသူသည် ငါ့အား အရှေ့ဘက်သို့မျက်နှာမူသောသန့်ရှင်းရာဌာန၏အပြင်တံခါးသို့ ခေါ်ဆောင်သွား၏။ ထိုတံခါးသည် ပိတ်ထားလျက်ရှိ၏။ |
သူတို့သည်ယခင်အခါကသူတို့သည် လေဝိတဲစခန်းမှတံခါးစောင့်များဖြစ် သည်။ အရှေ့အဝင်ဝရှင်ဘုရင်၏တံခါး ကိုစောင့်ရကြ၏။
ထိုနောက်သူတို့သည်ယေရုရှလင်မြို့သူမြို့ သားများနှင့်အတူ ဗိမာန်တော်တံတိုင်းသစ် တွင်စုဝေးကြ၏။ ယောရှဖတ်မင်းသည်သူ တို့၏ရှေ့သို့လာ၍ရပ်ပြီးလျှင်၊-
ဗိမာန်တော်တံတိုင်းနှစ်ထပ်တွင်ကြယ်နက္ခတ် များကိုပူဇော်ရန်ယဇ်ပလ္လင်များကိုဆောက် လုပ်၏။-
သူတို့သည်ယဇ်ပုရောဟိတ်များအတွက် အတွင်းတံတိုင်းကိုဆောက်လုပ်ပြီးနောက် အပြင် တံတိုင်းကိုလည်းဆောက်လုပ်ကြ၏။ ဤတံတိုင်း နှစ်ခု၏စပ်ကြား၌ရှိသောတံခါးများကို ကြေးဝါဖြင့်ဖုံးအုပ်ကြ၏။-
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။-
တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။